Border News Agency
အမေရိကန်၊ဩဂုတ် ၁၈။
ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ်ကြေညာမယ့် အကြံအစည်ကိုပိုပြီးသဘောကျလာကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
အဲဒီရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ်ဆိုတဲ့မှတ်ချက်နဲ့ပတ်သက်ပြီး သတင်းထောက်တွေကမေးမြန်းရာမှာတော့ ဒါဟာကောင်းတဲ့ အကြံတခုဖြစ်တယ်လို့ သူကပြန်လည်ဖြေကြားခဲ့တာပါ။
အမေရိကန်အနေနဲ့ ပိတ်ဆို့မှုများနေတဲ့ အဲဒီနေရာကိုထိန်းချုပ်ထားပြီး ရေလက်ကြားတခုလုံးဟာ အမေရိကန်ရဲ့အပြည့်အဝထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့လည်း ထရမ့်ကဆက်ပြောခဲ့ပါတယ်။
အဲဒီအပြင်ရေလက်ကြားမှတဆင့်တပတ်ကို ရေနံစည်ပေါင်းသန်းနဲ့ချီထုတ်ယူနေပြီး ပိုမိုပြင်းထန်တဲ့လုပ်ဆောင်ချက်တွေမလုပ်မချင်း ရေနံဈေးတွေဆက်လက် ကျဆင်းနေမယ်လို့ သူကဆိုပါတယ်။
ဒါပေမယ့်လည်း ပိုမိုပြင်းထန်တဲ့လုပ်ဆောင်ချက်ဆိုတာမှာ ဘာကိုဆိုလိုလဲဆိုတာကိုတော့ တိတိကျကျထုတ်ဖော်ပြောဆိုသွားတာမရှိပါဘူး။






