Border News Agency
မီဇိုရမ်၊အောက်တိုဘာ ၃။
အိန္ဒိယ-မြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်၊ချမ်ဖိုင်းခရိုင်မှာကာလတန်ဖိုးကြီးမားတဲ့ ဘိန်းဖြူနှစ်ဒသမငါးကီလိုကျော်နဲ့အတူ မြန်မာနိုင်ငံသားနှစ်ဦးကို အောက်တိုဘာ လ၂ ရက်နေ့ ကအိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီမီဇိုရမ်ပြည်နယ်အကောက်ခွန်နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန၊ အာသံရိုင်ဖယ်တပ်ရင်းပူးပေါင်းအဖွဲ့ဟာ သတင်းအရချမ်ဖိုင်းခရိုင်၊ဇိုသဲ-ဘူးလ်ဖက် ကားလမ်းပေါ်မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးရာကနေဆပ်ပြာခွက်နှစ်ရာနဲ့ ထည့်သွင်းသယ်ဆောင်လာတဲ့ စုစုပေါင်းအလေးချိန်နှစ်ဒသမငါးရာသုံးဆယ့်ရှစ်ကီလိုဂရမ်ရှိဘိန်းဖြူတွေကို စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ မီဇိုရမ်ပြည်နယ် ဘူးလ်ဖက်ကျေးရွာမှာနေထိုင်တယ်လို့ထွက်ဆိုထားတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့ အသက်သုံးဆယ်ငါးနှစ်အရွယ်ခူပလျန်းမန်နဲ့ အသက်ဆယ့်ရှစ်နှစ်အရွယ်ထန်းဘျက်ဇိုတို့ နှစ်ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူနှစ်ဦးကို အိန္ဒိယနိုင်ငံရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေနဲ့အမှုဖွင့်ထားပြီး ပြစ်မှုထင်ရှားရင်ထောင်ဒဏ်ဆယ်နှစ်မှအနှစ်နှစ်ဆယ်အထိချမှတ်ခံရနိုင်တယ်ပါတယ်။






