Border News Agency
ရသေ့တောင်၊ အောက်တိုဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ကို အောက်တိုဘာလ ၃ ရက်နေ့၊ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထိခိုက်ဒဏ်ရာရသူများတယ်လို့ ရသေ့တောင်ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရသေ့တောင်မြို့၊ ကမ်းနားလမ်း၊ စိုက်ပျိုးရေးရုံး၊ အလယ်ရွာချေ၊ ပြားချောင်းကြီးအပါအဝင် နေရာတချို့ကို ဗုံး ၁၇ လုံးပစ်ခတ်ခဲ့တာမို့ ထိခိုက်ဒဏ်ရာရသူများတယ်လို့ဆိုကြပါတယ်။
အဲဒီထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။






