Border News Agency
သံတွဲ၊ ဇန်နဝါရီ ၉ ။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ ငပလီမြို့၊ ကေလင်းသာရပ်ကွက်မှ သေဆုံးသွားသူတွေကို ဇန်နဝါရီလ ၉ ရက်၊ ဒီနေ့ မနက် ၉ နာရီအချိန်ကအလှူလုပ်ပြီး မိသားစုဝင်တွေက တရားနာအမျှပေးဝေခဲ့ကြပါတယ်။
မိသားစုဝင်တွေ၊ရွာသားတွေ စုပြီးသံဃာတော်တွေကို ပင့်ဖိတ်ကာတရားနာအမျှပေးဝေခဲ့ကြတာပါ။









