Border News Agency
ကိုးကန့်၊ ဇန်နဝါရီ ၁၁။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာတွေမှာ၂၀၂၅ ခုနှစ်မှာရခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ တပ်တည်ဆောက်ရေးအောင်မြင်မှုတွေကို ပြန်သုံးသပ်ခဲ့ကြပါတယ်။
အဲဒီသုံးသပ်ချပ်တွေကိုကြည့်ပြီး ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းတာဝန်တွေချမှတ်ခဲ့ကြတယ်လို့ MNDAA က ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတနှစ်တာအတွင်း ထူးချွန်ခဲ့တဲ့ စံပြတပ်ဖွဲ့နဲ့ စံပြပုဂ္ဂိုလ်တွေကို ဂုဏ်ပြုဆုတွေပေးခဲ့သလို ရာထူးတိုးမြှင့်တာနဲ့ တာဝန်ခန့်အပ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်မှူးတပ်သားတွေအကြား စည်းလုံးညီညွတ်မှုပိုမိုခိုင်မာစေဖို့နဲ့ တိုက်ပွဲဝင်အသင့်ရှိစေဖို့ရည်ရွယ်ကာ တပ်မဟာအလိုက်အခမ်းအနားတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပွဲမှာ အားနည်းချက်တွေကို သင်ခန်းစာယူကာ အားမာန်သစ်နဲ့ တပ်မဟာတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းပြမြေပုံအတိုင်း ဆက်ပြီးအကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

































