Border News Agency
အီရန်၊ ဇန်နဝါရီ ၁၂။
အီရန်နိုင်ငံဆန္ဒပြပွဲတွေမှာ သေဆုံးသူငါးရာကျော်ရှိပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်အာဏာပိုင်တွေစည်းကျော်လာတဲ့အတွက် စစ်ရေးအရအရေးယူဖို့ ရွေးချယ်စဉ်းစားနေတယ်လို့ ပြောပါတယ်။
အီရန်ကလည်း အမေရိကန်သာ ဆန္ဒပြသူတွေဘက်ကကြားဝင်ဆောင်ရွက်မယ်ဆိုရင် အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ပြန်လ ည်ခြိမ်းခြောက်ထားလို့ နှစ်နိုင်ငံတင်းမာမှုတွေ မြင့်တက်နေပါတယ်။
အခြေခံကုန်စျေးနှုန်းကြီးမြင့်တာတွေ၊ အစိုးရဖိနှိပ်မှုတွေကြောင့် အီရန်မှာလူထုဆန္ဒပြပွဲတွေ စတင်ခဲ့တာပါ။
အီရန်လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းလို့ သေဆုံးသူငါးရာကျော်နဲ့ ဖမ်းဆီးခံရသူထောင်ချီရှိနေပါတယ်။
အမေရိကန်က စစ်ရေးအရအရေးယူဖို့ ပြင်ဆင်လာသလို အီရန်ကလည်းအမေရိကန်စခန်းတွေကို တိုက်ခိုက်မယ်လို့ တုံ့ပြန်ထားပါတယ်။










