Border News Agency
မန္တလေး၊ ဇန်နဝါရီ ၁၃။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာရှိတဲ့ 21 BAGAN – People Defense Force ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံစစ်ပညာ အပ
တ်စဉ် ၈ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းကို သင်တန်းသား ဆယ့်ခုနှစ်ဦး တက်ရောက်ခဲ့ပြီး ခုနှစ်ဆယ်ငါးရက်ကြာ သင်ကြားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကာလအတွင်းမှာ လက်နက်ငယ်၊ လက်နက်ကြီး အသုံးပြုပုံတွေနဲ့ မိုင်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီညောင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကာလအတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးတာတွေနဲ့ လမ်းပိုင်းတွေမှာကင်းပုန်းဝပ်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်လို့ ဆိုပါတယ်။











