Border News Agency
မကွေး၊ ဇန်နဝါရီ ၁၇။
မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းက နှောပင်ရွာကို ဇန်နဝါရီလ ၁၅ရက်နဲ့ ၁၆ ရက်၊ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ့နေအိမ်လေးဆယ်ကျော် ပြာကျပျက်စီးသွားခဲ့ရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလ၁၅ ရက်နေ့၊မနက်ပိုင်းမှာ ရွာထဲကိုသေနတ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကိုစတင်မီးရှို့ခဲ့တာလို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းဝင်လာချိန်မှာ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရွာသားတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး သေနတ်ဒင်တွေနဲ့ ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်လို့ဆိုပါတယ်။
အဲဒီဖမ်းခံရသူတွေကို စစ်ကြောင်းပြန်ထွက်ချိန်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ခုရက်ပိုင်း မြိုင်မြို့နယ်ထဲမှာ စစ်တပ်က ကုန်းကြောင်းရော၊ လေကြောင်းပါသုံးပြီးအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ မြိုင်ပကဖက တိုက်တွန်းထားပါတယ်။











