Border News Agency
ဒူးပလာယာ၊ ဇန်နဝါရီ ၁၇။
ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းက မြို့နယ်တွေမှာ ဇန်နဝါရီလ ၉ ရက်နေ့က ပြည်သူခုနှစ်ထောင်ကျော် သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆိုတဲ့ဆောင်ပုဒ်နဲ့တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုသလို နိုင်ငံတကာကလည်း အသိအမှတ်မပြုတဲ့ အတုအယောင်ဖြစ်တာကြောင့် အခုလိုငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန့်ကျင်ခဲ့ကြတာပါ။
ကော့ကရိတ်၊ ကျုံဒိုး၊ဝင်းရေးနဲ့ နို့တကောမြို့နယ်တွေက နေရာပေါင်းစုံမှာ ဒေသခံပြည်သူတွေ စုပေါင်းပြီး “စစ်အာဏာရှင်စနစ် အလိုမရှိ”၊ “ကော်သူးလေအစိုးရတည်ဆောက်ရေး”စတဲ့ကြွေးကြော်သံတွေနဲ့အတူ ပိုစတာတွေကိုင်ဆောင်ကာ ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ခရိုင်အတွင်း Zero Hour သတ်မှတ်ပြီး တခရိုင်လုံးအတိုင်းအတာနဲ့တစ်ပြိုင်တည်း ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။


































