Border News Agency
ကော့ဘဇား၊ ဇန်နဝါရီ ၂၀။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၆ မှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေတဲရှစ်ရာနီးပါး ပြာကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီစခန်း ၁၆ မှာ ဇန်နဝါရီလ ၂၀ ရက်၊ ဒီနေ့မနက် ၃ နာရီအချိန်ခန့်က စခန်းအတွင်းရှိ Block D2၊ D3 နဲ့ D4 နေရာတွေမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မိသားစုရာနဲ့ချီအိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရတာပါ။
လက်ရှိမှာတော့ မီးဘေးသင့်သူတွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ နေထိုင်စရာတွေ အရေးပေါ်လိုအပ်နေသလို ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။



















