Border News Agency
မော်လူး၊ ဇန်နဝါရီ ၂၂။
အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပကဖတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့တယ်လို့ Indaw Revolution – IR က ဇန်နဝါရီလ ၂၂ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို ဇန်နဝါရီလ ၂၁ရက်၊ ည ၁၁ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်မှ တိုက်လေယာဉ်တစီးနဲ့ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် ပကဖတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး ပြည်သူနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လူနေအိမ်နှစ်လုံး၊ အဆောက်ဦးတခုနဲ့ နွားအချို့လည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို ဇန်နဝါရီလ ၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်လို့ G – 12 ကျောင်းသူတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။










