Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၂။
ကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၂၈၆ ဦးကို ဇန်နဝါရီလ ၂၂ ရက်၊ ဒီနေ့ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern Airline နဲ့ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိကျားဖြန့်ရုံတွေက ထိန်းသိမ်းထားတာဖြစ်ပြီး သူတို့ကိုအမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် လွှဲပြောင်းပေးခဲ့တာပါ။
အဲဒီတရုတ်နိုင်ငံသားတွေကို ဇန်နဝါရီ လ ၂၀ ရက်နေ့မှ၂၃ ရက်နေ့ထိ တထောင့်တရာကျော် လွှဲပြောင်းသွားမယ်လို့ ဆိုပါတယ်။












