Border News Agency
မကွေး၊ ဇန်နဝါရီ ၂၂။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF – Asho) တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနားကို နောက်တန်းစခန်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ချင်းအမျိုးသားအလံတော်ကို အလေးပြုတာတွေ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့ရတဲ့သူရဲကောင်းတွေကို အလေးပြုတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်တည်ထောင်ခြင်းသုံးနှစ်ပြည့် အထိမ်းအမှတ် CDF – Asho ရဲ့ သဘောထားထုတ်ပြန်ချက် ဖတ်ကြားတာတွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့အသီးသီးမှ ပေးပို့လာတဲ့သဝဏ်လွှာတွေကို ဖတ်ကြားတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးအခမ်းအနားကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့အသီးသီးမှ အရာရှိအရာခံ အကြပ်စစ်သည်တွေတက်ရောက်ခဲ့ကြပြီး CDF – Asho ရဲဘော်၊ စစ်မေတွေမှ ချင်းရိုးရာဝါးညှပ်အကနဲ့ ရိုးရာဓလေ့ဖော်ကျူးတဲ့ အကအလှတွေကပြဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။


























