Border News Agency
ကော့ဘဇား၊ဇူလိုင် ၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇား၊ရိုဟင်ဂျာဒုက္ခသည်စခန်းရှိစာသင်ဆောင်ဟာဇူလိုင်လ ၈ ရက်နေ့၊နေ့လည်သုံးနာရီခန့်က မိုးရွာတာများပြီးမြေပြိုကာကျောင်းသားတွေပိတ်မိနေကြပါတယ်။
အဲဒီရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ် ၅၊ A3 မှာ မြေပြိုပြီးဘာသာရေးစာသင် ကျောင်းသားတွေပိတ်မိနေကြတာပါ။
အဲဒီမြေပြိုမှုကို ရိုဟင်ဂျာဒုက္ခသည်တွေ ဝိုင်းဖော်နေကြပေမယ့်အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။
















