Border News Agency
တရုတ်၊ဇူလိုင် ၈။
တရုတ်နိုင်ငံ၊ဂန်စုပြည်နယ်မှာမြေပြိုမှုကြောင့် လူနှစ်ဆယ့်တဦးသေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနအတည်ပြုထုတ်ပြန်ပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူးပေပြည်နယ်မှာလည်း ဇူလိုင်လ ၇ ရက်နေ့က မိုးသက်မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် လူရှစ်ဦးသေဆုံးခဲ့ပါတယ် ။
ဂန်စုပြည်နယ်မှာလည်း ဇူလိုင်လ၇ ရက်နေ့က မြေပြိုမှုဖြစ်ပြီး လူဆယ့်ခြောက်ဦး ပိတ်မိနေသေးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပစိဖိတ်သမုဒ္ဒရာဘက်က တရုတ်(တိုင်ပေ)ကို ဦးတည်လာနေတဲ့ အင်အားပြင်း စူပါတိုင်ဖုန်းမုန်တိုင်း ဘာဗီအတွက်လည်း တရုတ်အာဏာပိုင်တွေသတိ ပေးချက် ထုတ်ထားပါတယ်။






