Border News Agenvy
ရေး၊ ဇန်နဝါရီ ၂၉။
မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့အပတ်စဉ် ၄ အထူးမွမ်းမံစစ်သင်တန်းကို PDF အရာရှိတွေနဲ့ ထောက်ပို့တပ်သားတွေတက်ရောက်သင်တန်းဆင်းခဲ့တယ်လို့ ဇန်နဝါရီလ၂၉ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့က မွန်ပြည်တော်လှန်ရေးတပ်ရဲ့ တပ်ရင်းဌာနချုပ်မှာ ကျင်းပခဲ့တာပါ။
အဲဒီသင်တန်းမှာ MSRF ရဲ့ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ ကအရာရှိတွေနဲ့ ထောက်ပို့တပ်သားတွေကို အထူးလေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ကသုမွန်၊ MSRF တပ်ရင်းမှူး ဗိုလ်မှူးကြီးနိုင်ဒရာဂွန်၊ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကိုနဲ့ MSRF ဒု- တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့အတူမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်းနဲ့ Nonentity Coach တို့က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလို အထူးမွမ်းမံသင်တန်းတွေ ပူးပေါင်းလုပ်ဆောင်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးစွမ်းရည်မြှင့်တင်ဖို့နဲ့ အချိတ်အဆက် ပိုကောင်းလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။














