Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၂၉။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလို့ ကျေးရွာဆယ့်လေးရွာမှပြည်သူ ရှစ်ထောင်ကျော်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီဝက်လက်မြို့နယ်၊ သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်နဲ့ ကမ်းဖြူစတဲ့ ကျေးရွာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာစားဝတ်နေရေးအပြင် နေထိုင်စရာအမိုးအကာအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အလုပ်အကိုင်တွေလည်း ပျက်ကွက်နေရလို့ ရိက္ခာနဲ့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဇန်နဝါရီလ ၂၈ ရက်၊ မနေ့က အသိပေးထားပါတယ်။












