Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

​Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၅။

​ဒေသဖွံ့ဖြိုးရေးနဲ့ အများပြည်သူ လူမှုစီးပွားဘဝမြှင့်မားလာစေဖို့အတွက် လိုအပ်လာရင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေအဖြစ် ပြန်လည်ရယူတာတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။

အဲဒီ​လမ်း၊တံတား၊ဈေး၊စာသင်ကျောင်း၊ဆေးရုံနဲ့ ပန်းခြံတွေအပြင် ကျေးလက်/မြို့ပြအိမ်ရာမြေ၊စက်မှုဇုန်တွေနဲ့ လုံခြုံရေးဆိုင်ရာအဆောက်အအုံတွေ တည်ဆောက်ရေးလို အများပြည်သူအကျိုးပြုရေရှည်စီမံကိန်းတွေအတွက် မြေယာတွေကိုပြန်လည်ရယူရတာလို့ဆိုပါတယ်။

အဲဒီအပြင် ​အများပြည်သူအကျိုးအတွက် လမ်းတိုးချဲ့တာမျိုးတွေဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာလယ်ယာမြေတွေထဲကဘယ်လောက်ကို နိုင်ငံတော်စီမံကိန်းမြေအဖြစ် သတ်မှတ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်းခွဲခြားပြီးမှ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

အဲ​ဒီလိုစီမံကိန်းတွေအတွက် မြေယာပြန်လည်ရယူရာမှာ နစ်နာသူတွေမနစ်နာရအောင် ပြန်လည်နေရာချထားရေးနဲ့ ထိုက်သင့်တဲ့လျှော်ကြေး၊ပြောင်းရွှေ့ကြေးတွေကို ဥပဒေအတိုင်း စနစ်တကျထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

အဲ​ဒါကြောင့် အာရက္ခဒေသပြန်လည်တည်ဆောက်ရေးနဲ့ မြေယာဆိုင်ရာလုပ်ငန်းစဉ်တွေချောမွေ့စေဖို့အတွက် ပြည်သူလူထုဟာ ယုံကြည်မှုအပြည့်နဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဗဟိုမြေယာကော်မတီက တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးရှိကားလမ်းဘေးမြေနေရာတွေကို မြို့ပြစီမံကိန်းအကြောင်းပြပြီး အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အမိန့်ပေးစေခိုင်းချက်အရဆိုကာ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးဌာနက ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရသိမ်းယူဖို့ကြိုးစားနေပါတယ်။

ဒါပေမယ့် ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရ နစ်နာမှုလျှော်ကြေးပေးရမယ့်ကာလပေါက်စျေးကို မပေးသေးဘဲမြေပိုင်ရှင်တွေကို ခြိမ်းခြောက်အကြပ်ကိုင်နေသလို မြေပုံမြို့နယ်ရှိပုစွန်တာဧကရာချီကိုလည်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းဦးဆောင်းပြီး အတင်းအဓမ္မသိမ်းယူကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို စခန်းချနေထိုင်ခိုင်းထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (U LA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီး ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ ပေါက်တောမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်အပါအဝင် ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့ တခြားသူတွေဟာပါမတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် အတင်းအဓမ္မမြေသိမ်းမှု၊လူ့အခွင့်အရေးချိုးဖောက်မှုမြောက်စေမယ့်မြေသိမ်းမှုတွေကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ်ဦးအောင်သာဝင်းအပါအဝင် အာရက္ခတပ်တော်(AA)အရာရှိတွေ၊အာရက္ခတပ်တော်(AA)ရဲ့ ဗဟိုထောက်လှမ်းရေးတာဝန်ရှိသူတွေ မြေသိမ်းယူထားတာတွေလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နှုတ်မိန့်နဲ့ အတင်းအဓမ္မမြေသိမ်းမှုတွေအပါအဝင် မြေယာအမှုပေါင်းများစွာကို Border News Agency ကလက်ခံရရှိထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ယူ​ဖြေရှင်းပေးနိုင်တဲ့မြေယာအမှုမရှိသလောက်နည်းပါးနေသေးတာကို Border News Agency က လေ့လာတွေ့ရှိရပါတယ်။

PrevPreviousအာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့
Nextမောင်တောမှာအကြမ်းဖက်သမားတွေပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

Next Post

မောင်တောမှာအကြမ်းဖက်သမားတွေပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လေယာဉ်လက်မှတ်တွေကို ဈေးနှုန်းပိုရောင်းရင် အရေးယူမယ်

October 5, 2026
(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့သေဆုံးသွားသူတဦး/ပေးပို့)

စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တပတ်အတွင်း ခြောက်ဆယ်ငါးဦးသေဆုံး

October 5, 2026
(ဓာတ်ပုံ - ပန်းနီလာစစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

ပန်းနီလာစစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခံရမှုမြင်ကွင်း

October 5, 2026

October 5, 2026

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

Releated Post

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ-ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

October 4, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

October 4, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

October 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page