Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၅။

​ဒေသဖွံ့ဖြိုးရေးနဲ့ အများပြည်သူ လူမှုစီးပွားဘဝမြှင့်မားလာစေဖို့အတွက် လိုအပ်လာရင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေအဖြစ် ပြန်လည်ရယူတာတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။

အဲဒီ​လမ်း၊တံတား၊ဈေး၊စာသင်ကျောင်း၊ဆေးရုံနဲ့ ပန်းခြံတွေအပြင် ကျေးလက်/မြို့ပြအိမ်ရာမြေ၊စက်မှုဇုန်တွေနဲ့ လုံခြုံရေးဆိုင်ရာအဆောက်အအုံတွေ တည်ဆောက်ရေးလို အများပြည်သူအကျိုးပြုရေရှည်စီမံကိန်းတွေအတွက် မြေယာတွေကိုပြန်လည်ရယူရတာလို့ဆိုပါတယ်။

အဲဒီအပြင် ​အများပြည်သူအကျိုးအတွက် လမ်းတိုးချဲ့တာမျိုးတွေဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာလယ်ယာမြေတွေထဲကဘယ်လောက်ကို နိုင်ငံတော်စီမံကိန်းမြေအဖြစ် သတ်မှတ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်းခွဲခြားပြီးမှ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

အဲ​ဒီလိုစီမံကိန်းတွေအတွက် မြေယာပြန်လည်ရယူရာမှာ နစ်နာသူတွေမနစ်နာရအောင် ပြန်လည်နေရာချထားရေးနဲ့ ထိုက်သင့်တဲ့လျှော်ကြေး၊ပြောင်းရွှေ့ကြေးတွေကို ဥပဒေအတိုင်း စနစ်တကျထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

အဲ​ဒါကြောင့် အာရက္ခဒေသပြန်လည်တည်ဆောက်ရေးနဲ့ မြေယာဆိုင်ရာလုပ်ငန်းစဉ်တွေချောမွေ့စေဖို့အတွက် ပြည်သူလူထုဟာ ယုံကြည်မှုအပြည့်နဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဗဟိုမြေယာကော်မတီက တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးရှိကားလမ်းဘေးမြေနေရာတွေကို မြို့ပြစီမံကိန်းအကြောင်းပြပြီး အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အမိန့်ပေးစေခိုင်းချက်အရဆိုကာ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးဌာနက ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရသိမ်းယူဖို့ကြိုးစားနေပါတယ်။

ဒါပေမယ့် ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရ နစ်နာမှုလျှော်ကြေးပေးရမယ့်ကာလပေါက်စျေးကို မပေးသေးဘဲမြေပိုင်ရှင်တွေကို ခြိမ်းခြောက်အကြပ်ကိုင်နေသလို မြေပုံမြို့နယ်ရှိပုစွန်တာဧကရာချီကိုလည်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းဦးဆောင်းပြီး အတင်းအဓမ္မသိမ်းယူကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို စခန်းချနေထိုင်ခိုင်းထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (U LA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီး ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ ပေါက်တောမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်အပါအဝင် ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့ တခြားသူတွေဟာပါမတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် အတင်းအဓမ္မမြေသိမ်းမှု၊လူ့အခွင့်အရေးချိုးဖောက်မှုမြောက်စေမယ့်မြေသိမ်းမှုတွေကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ်ဦးအောင်သာဝင်းအပါအဝင် အာရက္ခတပ်တော်(AA)အရာရှိတွေ၊အာရက္ခတပ်တော်(AA)ရဲ့ ဗဟိုထောက်လှမ်းရေးတာဝန်ရှိသူတွေ မြေသိမ်းယူထားတာတွေလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နှုတ်မိန့်နဲ့ အတင်းအဓမ္မမြေသိမ်းမှုတွေအပါအဝင် မြေယာအမှုပေါင်းများစွာကို Border News Agency ကလက်ခံရရှိထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ယူ​ဖြေရှင်းပေးနိုင်တဲ့မြေယာအမှုမရှိသလောက်နည်းပါးနေသေးတာကို Border News Agency က လေ့လာတွေ့ရှိရပါတယ်။

PrevPreviousအာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့
Previous Post

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026

ကန်ချနဘူရီမှာ တရားမဝင်လာတဲ့ မြန်မာကိုးဦးဖမ်းဆီးခံရ

ရေကြည်မြို့နယ်မှာ ကျေးရွာတွေရေမြုပ်နေလို့ အကူအညီတွေလိုအပ်နေ

မလေးရှားမှာ ပြစ်ဒဏ်စေ့မြန်မာ ၂၀ အပါအဝင် နိုင်ငံခြားသား ၂၅၅ ဦးကိုနေရပ်ပြန်ပို့

ထားဝယ်ခရိုင် အမှတ် ၈၀၀၃ တပ်ရင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

နန်းခရိုင်ပူးမြို့မှာ ရေဘေးသင့်အမှိုက်တွေနဲ့ရွှံ့နွံတွေကြောင့် အနံ့ဆိုးနေ

မိုင်းငေါ့မှာမြေပြိုကျလို့ ရွှေကျင်းလုပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရ

Releated Post

ဓာတ်ပုံ - ထိုင်သတင်းတွေ

ကန်ချနဘူရီမှာ တရားမဝင်လာတဲ့ မြန်မာကိုးဦးဖမ်းဆီးခံရ

August 24, 2026
ဓာတ်ပုံ - နေလင်းအောင်

ရေကြည်မြို့နယ်မှာ ကျေးရွာတွေရေမြုပ်နေလို့ အကူအညီတွေလိုအပ်နေ

August 24, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ ပြစ်ဒဏ်စေ့မြန်မာ ၂၀ အပါအဝင် နိုင်ငံခြားသား ၂၅၅ ဦးကိုနေရပ်ပြန်ပို့

August 24, 2026

ထားဝယ်ခရိုင် အမှတ် ၈၀၀၃ တပ်ရင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

August 24, 2026

နန်းခရိုင်ပူးမြို့မှာ ရေဘေးသင့်အမှိုက်တွေနဲ့ရွှံ့နွံတွေကြောင့် အနံ့ဆိုးနေ

August 24, 2026
ဓာတ်ပုံ-တအာင်းတပ်

မိုင်းငေါ့မှာမြေပြိုကျလို့ ရွှေကျင်းလုပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page