Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၅။

​အာရက္ခဒေသမြေပြင်စီမံခန့်ခွဲမှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေဖို့အတွက် ခရိုင်နဲ့တိုက်နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီတွေကို အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။

အဲဒီ​အာရက္ခဒေသတွင်းဖြစ်ပေါ်နေတဲ့ မြေယာနဲ့တခြားလူမှုရေးပဋိပက္ခတွေကို တရားမျှတစွာစနစ်တကျဖြေရှင်းပေးဖို့၊ပြည်သူ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ဖို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအုပ်ချုပ်မှုစနစ်ခိုင်မာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။

​ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ စနစ်မကျတဲ့မြေယာစီမံခန့်ခွဲမှု၊ရှုပ်ထွေးတဲ့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် မြေယာအငြင်းပွားမှုအမွေဆိုးတွေ အမြောက်အမြားစုပုံကျန်ရစ်ခဲ့ပြီး လက်ရှိတော်လှန်ရေးအစိုးရဟာ အဲဒီပြဿနာတွေကိုထိန်းသိမ်းဖြေရှင်းရာမှာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရတယ်လို့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။

အဲ​ဒီလိုရှုပ်ထွေးလှတဲ့မြေယာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ တာဝန်ရှိအုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ မြေပြင်စစ်ဆေးရေးစတဲ့ဌာနပေါင်းစုံ ပူးပေါင်းပါဝင်တဲ့နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

​အဲဒီအပြင် မြေယာအငြင်းပွားမှုတွေကြောင့် ဒေသခံပြည်သူအချင်းချင်း ယုံကြည်မှုမပျက်စီးစေဖို့နဲ့ မြေပေါ်မှာအမှန်တကယ်လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူတွေရဲ့ဝမ်းစာနဲ့ အခွင့်အရေးတွေမဆုံးရှုံးစေဖို့အတွက် ဘက်မျှတဲ့မူဝါဒတွေနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။

​ခေတ်အဆက်ဆက်ကျန်ရစ်ခဲ့တဲ့ မြေယာအမွေဆိုးတွေကိုရှင်းလင်းရာမှာ ခိုင်မာတဲ့မြေယာမူဝါဒ၊ပွင့်လင်းမြင်သာတဲ့တရားစီရင်ရေးနဲ့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုတို့နဲ့သာ ရေရှည်တည်တံ့တဲ့ဖြေရှင်းချက်ကို ရရှိနိုင်မယ်လို့လည်း ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီး ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်အပါအဝင် ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့ တခြားသူတွေဟာ ပါမတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် အတင်းအဓမ္မမြေသိမ်းမှု၊လူ့အခွင့်အရေးချိုးဖောက်မှုမြောက်စေမယ့် မြေသိမ်းမှုတွေကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းအပါအဝင် အာရက္ခတပ်တော်(AA)အရာရှိတွေ၊အာရက္ခတပ်တော်(AA)ရဲ့ဗဟိုထောက်လှမ်းရေးတာဝန်ရှိသူတွေ မြေသိမ်းယူထားတာတွေလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နှုတ်မိန့်နဲ့အတင်းအဓမ္မမြေသိမ်းမှုတွေအပါအဝင် မြေယာအမှုပေါင်းများစွာကို Border News Agency ကလက်ခံရရှိထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ယူ​ဖြေရှင်းပေးနိုင်တဲ့မြေယာအမှု မရှိသလောက်နည်းပါးနေသေးတာကို Border News Agency က လေ့လာတွေ့ရှိရပါတယ်။

PrevPreviousဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ
Nextအများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်Next
Previous Post

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

Next Post

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

October 25, 2026

တပ်တောင်မှာ မဒိန်းမှုကျူးလွန်သူကို ဖမ်းမိ

October 25, 2026
​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

တပ်တောင်မှာ မဒိန်းမှုကျူးလွန်သူကို ဖမ်းမိ

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

Releated Post

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

October 25, 2026

တပ်တောင်မှာ မဒိန်းမှုကျူးလွန်သူကို ဖမ်းမိ

October 25, 2026
​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

October 23, 2026

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page