Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လူမှုတရားမျှတရေးပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၅။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးကျော်ဇံဟာ အာရက္ခမြေယာမူဝါဒတွေကိုထုတ်ဖော်ပြောလာပါတယ်။

အဲဒီဗဟိုမြေယာစီမံခန့်ခွဲမှု​ကော်မတီအတွင်းရေးမှူး ဦးကျော်ဇံပြောတာတွေထဲမှာ အဓိကလေးချက်ကိုတွေ့ရပါတယ်။

အဲဒါတွေကတော့…

၁။ အာရက္ခဒေသလက်ရှိမြေယာပြဿနာ။

၂။ မြေအရောင်းအဝယ်ကိစ္စ။

၃။ လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့်။

၄။ မြေသိမ်းယူမှုဆိုင်ရာကိစ္စ။

အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ လူထုအပေါ် ချပြလိုက်တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြေယာမူဝါဒတွေလို့မှတ်ယူနိုင်ပါတယ်။

အဲဒီလေးချက်စလုံးဟာ အာရက္ခဒေသမှာ လက်ရှိရင်ဆိုင်နေရတဲ့မြေယာပြဿနာတွေကိုဖြေရှင်းဖို့ လုံလောက်တဲ့အချက်တွေမဟုတ်တဲ့အပြင် လူထုအပေါ် ဘူးလေးရာ ဖရုံဆင့်ဆိုသလို အခက်အခဲ၊အကျပ်အတည်းတွေပိုဖြစ်စေနိုင်တာတွေပါဝင်နေတာကို တွေ့ရပါတယ်။

မြေယာပြဿနာတွေအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အာရက္ခဒေသမြေယာပြဿနာအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အကြောင်းအရင်းနှစ်ချက်နဲ့ပြဿနာ ခွဲခြမ်းစိတ်ဖြာမှုငါးချက်တွေ့ရပါတယ်။

အကြောင်းရင်းနှစ်ချက်…

က။ အရင်အစိုးရအဆက်ဆက် မြေယာဆိုင်ရာစီမံခန့်ခွဲမှုနဲ့ ဥပဒေပိုင်းဆိုင်ရာအားနည်းချက်တွေ၊အကျင့်ပျက်ခြစားမှုတွေရဲ့ အကျိုးဆက်အမွေကိုဆက်ခံနေရတယ်လို့ ဆိုပါတယ်။

ခ။ ပြဿနာတွေကို ခွဲခြမ်းတဲ့အခါမှာ…

၁ – မြေယာကျူးကျော်နေထိုင်မှု၊

၂ – လုပ်ကွက်နယ်နိမိတ်အငြင်းပွားမှု၊

၃ – လက်ရှိလက်ငုတ်လုပ်ကိုင်သူနဲ့ ဥပဒေအရစာရွက်စာတမ်းကိုင်ဆောင်သူတွေကြား အငြင်းပွားမှု၊

၄ – အရင်အစိုးရအာဏာပိုင်တွေရဲ့ မမှန်မကန်လုပ်ရပ်အပေါ် တောင်းဆိုအငြင်းပွားမှု၊

၅ – ရေကြည်ရာမြက်နုရာသို့နေရပ်စွန့်ခွာမှုနဲ့အတူ မြေယာအခွင့်အရေးဆုံးရှုံးနစ်နာမှုဆိုပြီး ငါးချက်ခွဲခြမ်းထားပါတယ်။

ULA/AA မြေယာပြဿနာတွေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုကိုသုံးသပ်ချက်

မြေယာအခွင့်အရေးဆိုင်ရာဆောင်ရွက်သူတွေရဲ့အမြင်မှာတော့ အာရက္ခဒေသရဲ့မြေယာပြဿနာအပေါ် အုပ်စုငါးခုခွဲထားပြီး…

၁။အရင်အစိုးရအဆက်ဆက်သိမ်းဆည်းခဲ့တဲ့ မြေယာပြဿနာ။

၂။တိုက်ပွဲကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့မြေယာပြဿနာ။

၃။နေရပ်စွန့်ခွာသူတွေရဲ့ မြေယာပြဿနာ။

၄။နေရပ်စွန့်ခွာသူတွေကို ပြန်နေရာချထားရေးအတွက် မြေယာပြဿနာ။

၅။အာရက္ခတပ်တော်သိမ်းထားတဲ့ မြေယာပြဿနာ ဆိုပြီးတွေ့ရမှာပါ။

အဲဒီနေရာမှာ နံပါတ်သုံးနေရပ်စွန့်ခွာသွားသူတွေရဲ့ မြေယာပြဿနာနဲ့ နံပါတ်လေးနေရပ်စွန့်ခွာသူတွေကို ပြန်နေရာချထားရေးအတွက် မြေယာပြဿနာတွေထဲမှာ…

(က) – ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ မြေယာ၊အိုးအိမ်ဆိုင်ရာအခွင့်အရေးတွေလည်းပါဝင်သလို

(ခ) -မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်ကြားတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့သူတွေရဲ့မြေယာ၊အိုးအိမ်ဆိုင်ရာအခွင့်အရေးတွေလည်း ပါဝင်နေတယ်လို့မြင်ထားပါတယ်။

ULA/AA ဖြေရှင်းရမယ့်အမြင်

ဂ-မြေယာပြဿနာတွေကို ဘယ်လိုမြန်မြန်ဆန်ဆန်ကိုင်တွယ်ဖြေရှင်းမလဲ၊ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ်မှာတော့ ULA/AA ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက မြေယာပြဿနာတွေဟာ ကာလတခုထိ ရှည်ကြာနေမှာဖြစ်ပြီး တည်ဆောက်ရေးနဲ့ တည်ငြိမ်ဖွံ့ဖြိုးရေးကိုထိခိုက်နေမယ်လို့လည်း ဆိုပါတယ်။

လူထုဟာ မြေယာပြဿနာတွေကိုမဖြေရှင်းနိုင်ဘဲ ရေရှည်ထိကြုံနေရအုံးမယ်ဆိုတဲ့သဘောပါ။

ဖြေရှင်းမယ့်အမြင်အပေါ် သုံးသပ်ချက်

မြေယာဆိုင်ရာအခွင့်အရေးလှုပ်ရှားသူတွေရဲ့အမြင်မှာတော့ အာရက္ခဒေသရဲ့ မြေသိမ်းခံရမှုတွေနဲ့မြေယာအငြင်းပွားမှုတွေကို မြန်နိုင်သမျှမြန်မြန်ဥပဒေကြောင်းအရ၊အုပ်ချုပ်သူများရဲ့ အာဏာလုပ်ငန်းသဘာဝအရ တရားနည်းလမ်းကျကျ ဖြေရှင်းပေးဖို့လိုအပ်တယ်လို့မြင်ထားပါတယ်။

ပဋိပက္ခပေါင်းစုံသံသရာတွေထဲ နစ်နေတဲ့ဒေသတွေအတွက်မြေသိမ်းခံရမှုနဲ့ မြေယာအငြင်းပွားတွေဟာ မြေယာကိစ္စရဲ့ခေါင်းကြီးပိုင်းတွေမှာ နေရာယူနေသမျှ လက်ရှိစစ်ပွဲကာလနဲ့ စစ်ပွဲလွန်ကာလတွေမှာ နောက်တိုးရင်ဆိုင်လာရမယ့်ပြဿနာတွေဟာ ပိုပြီးရှိလာနိုင်ပြီး တည်ငြိမ်ရေးနဲ့ တိုးတက်ရေးကိုထိခိုက်စေနိုင်တာကြောင့်ပါ။

အဲဒီလိုပြဿနာတွေကို မဖြေရှင်းနိုင်ရင် ULA/AA မြေယာကော်မတီဘာလုပ်မှာလဲ။

ULA/AA မြေယာကော်မတီလုပ်မယ့် အလုပ်တွေ…

အာရက္ခဗဟိုမြေယာစီမံခန့်ခွဲမှ ကော်မတီလုပ်မယ့်သုံးချက်ကိုတွေ့ရပါတယ်။

က-မြေအရောင်းအဝယ်အပေါ် အခွန်ကောက်မယ်။

ခ-လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့်ကို ထိန်းချုပ်မယ်။

ဂ-မြေသိမ်းမယ်ဆိုတဲ့အချက်တွေကို တွေ့ရပါတယ်။

က-မြေအရောင်းအဝယ်အပေါ် အခွန်ကောက်မယ့်ကိစ္စကို ပြောကြားရာမှာရှစ်ချက်ရှိပါတယ်။

၁-အင်တာဗျူးအရတော့ မြေပြင်အရှိတရားမှာလူထုဟာ ကိုယ့်နည်းလမ်းနဲ့ကို ဖြေရှင်းနေရတဲ့အရပ်စာချုပ်ပုံစံကို အခွန်ရှောင်ဖို့အတွက်ပြုလုပ်ကြတာလို့ပြောဆိုပြီး ဥပဒေကြောင်းအရ အာမခံချက်သိပ်မရှိဘူးလို့လည်းပြောပါတယ်။

၂-မြေအရောင်းအဝယ်ကိစ္စတွေကို မှတ်ပုံတင်ရမယ်လို့လည်းဆိုပါတယ်။

၃-မြေအမျိုးအစားအလိုက် ကန့်သတ်ချက်တွေရှိပြီး…။

၄-လယ်ယာမြေဆိုရင် ပုံစံ ၇ ရှိမှရောင်းချနိုင်မယ်လို့ ဆိုပါတယ်။

၅-အရောင်းအဝယ်လုပ်တဲ့အခါ ရပ်/ကျေးအဆင့်ကိုအသိပေးရမှာဖြစ်ပြီး ရပ်ကျေးထောက်ခံချက်နဲ့ တိုက်နယ်အဆင့်မှာစာချုပ်ချုပ်ရမှာဖြစ်သလို သတ်မှတ်ကာလအတွင်း တံဆိပ်ခေါင်းခွန်ကို မှတ်ပုံတင်ရုံးမှာ ဆောင်ရမယ်လို့ဆိုပါတယ်။

၆-မြို့မြေ၊ဂရမ်မြေဆိုရင်လည်း အမည်ပေါက်သူ ဒါမှမဟုတ် အမည်ပေါက်သူဘက်ကကိုယ်စားလှယ်လွှဲခံရသူကသာ ရောင်းရမှာဖြစ်ပြီး ရောင်းဝယ်တဲ့အခါ ပုံစံ ၁၀၅ ကိုတောင်းရမယ်။ တံဆိပ်ခေါင်းခွန်ဆောင်ရမယ်လို့ ဆိုပါတယ်။

၇-အရပ်စာချုပ်နဲ့အခွန်ရှောင်နေကြပြီး ဒါဟာအမည်ပေါက်ပြောင်းလဲဖို့ခက်နိုင်သလို မြေသိမ်းခံရရင်လည်း လျော်ကြေးမရနိုင်ဘူးလို့ ဆိုပါတယ်။

၈-လယ်ယာမြေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း ၂၀၁၂ခု နှစ်လယ်ယာမြေဥပဒေပါ ဖွင့်ဆိုချက်အတိုင်း လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးတဲ့ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း၊ ရွှေ့ ပြောင်းတောင်ယာမြေဟုသော်လည်းကောင်း သတ်မှတ်ထားတဲ့မြေတွေကိုခေါ်တယ်လို့ ဆိုပါတယ်။

ULA/AAမြေအရောင်းအဝယ်အပေါ် အခွန်ကောက်မယ့်အပေါ်ပြန်သုံးသပ်ချက်

အာရက္ခဒေသအပါအဝင်သာမန်လူထုဟာ မြေယာနဲ့အိုးအိမ်ကို အရောင်းအဝယ်ပြုကြတဲ့အခါ အရပ်စာချုပ်အလေ့အထကိုပဲ ကျင့်သားရ​နေကြပါတယ်။

မြေယာဆိုင်ရာအာဏာပိုင်တွေရဲ့ ပြည်သူလူထုအပေါ် မြေယာဆိုင်ရာသတင်းအချက်ပိတ်ပင်ခံရမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိလိုပါပဲ။

ပြည်သူလူထုဟာ မိမိနဲ့သက်ဆိုင်တဲ့မြေယာဆိုင်ရာအချက်အလက်တခုခုကို သွားတောင်းတဲ့အခါ ဘယ်တော့အခါမှ လွယ်လွယ်ကူကူထုတ်မပေးသလို ဗျူရိုကရေစီ၊ကြိုးနီစနစ်တွေကို အသုံးချပြီး ပြည်သူလူထုရဲ့လူဂုဏ်သိက္ခာတွေကို ချိုးနှိမ်ခံရ၊ငွေတောင်းခံရတွေ အများကြီးပါ။

အဲဒါကြောင့် ပြည်သူလူထုဟာ အစိုးရဌာနတွေကို သွားဖို့လာဖို့ကို ဝန်လေးလာရပါတယ်။ ဥပမာ-တခုပေးပါမယ်။ မိသားစုဝင်တဦး ဆေးကုသဖို့အတွက် ငွေကြေးလိုအပ်လာလို့ ကိုယ့်မှာရှိတဲ့မြေကို ထိုးရောင်းရတဲ့လူတယောက်ဟာ မြေစာရင်းဌာနမှာအချိန်ကုန်ခံမှာလား သူမိသားစုဝင်ကိုဆေးကုသဖို့ပဲ ကြိုးစားမှာလားဆိုတာကို ပြန်ကြည့်လိုက်ပါ။

အဲဒီလိုအနေအထားမျိုးမှာရှိနေတဲ့ လူထုအခြေအနေကို အခွန်ရှောင်ဖို့ကြိုးစားချင်လို့ အရပ်စာချုပ်ချုပ်ပါတယ်။ အရပ်စာချုပ်ရဲ့တရားဝင်မှုကို ဘာဖြစ်တယ်၊ညာဖြစ်တယ်လို့ ပြောနေစရာမလိုပါဘူး။

ဥပဒေကြောင်းအရ အရပ်စာချုပ်ဟာ သက်သေအဖြစ်တရားဝင်ပါတယ်။

အရပ်စာချုပ်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ မြေသိမ်းရင် မြေရှင်ကိုလျော်ကြေးပေးရပါမယ်။

လူထုရဲ့အခက်အခဲနဲ့အကျပ်အတည်းအပေါ် ငွေကြေး၊အာဏာပါဝါရှိသူတွေကသာ အမြတ်ထုတ်ကြတာကိုလည်း သတိပြုစေချင်ပါတယ်။

ULA/AAရဲ့လယ်ယာမြေဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ကြံဖွံ့က ၂၀၁၂ ခုနှစ် လယ်ယာမြေဖွင့်ဆိုချက်ကို ပုံတူကူးထားတာပါ။

ကြံဖွံ့ရဲ့ ၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေတွေမှာ လယ်ယာမြေကို လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးတဲ့ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း၊ရွှေ့ပြောင်းတောင်ယာမြေဟုသော်လည်းကောင်း သတ်မှတ်ထားတဲ့မြေတွေကိုခေါ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာလက်တွေ့မှာ တရားနည်းလမ်းကျမှုနဲ့ယုတ္တိကျမှုအရလွှဲမှားနေပါတယ်။

လယ်ယာမြေဆိုတာ ဆန်၊စပါးစိုက်ပျိုးလို့ရတဲ့မြေလို့ပဲ ရိုးရိုးရှင်းရှင်းသတ်မှတ်လို့ရပါတယ်။

ဆန်၊စပါးစိုက်တဲ့မြေနဲ့ နှစ်ရှည်ပင်စိုက်ထားတဲ့မြေဟာမတူပါဘူး။

ကြံဖွံ့ရဲ့ ၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေဟာ ကိုယ်စိုက်ပျိုးတဲ့မြေမှာ တဲထိုးရင်တောင် အရေးယူလို့ရတဲ့ထိ လက်လွတ်စပယ်ဆန်လှပါတယ်။

ဆန်စပါးစိုက်တဲ့မြေနဲ့ နှစ်ရှည်ပင်စိုက်တဲ့မြေ၊ဓနိမြေတွေကို အတူတူသတ်မှတ်တာလည်း သဘာဝတရားကို မျက်ကွယ်ပြုလွန်းပါတယ်။

ဘိုးဘွားစဉ်ဆက်ကပင် ဥယျာဉ်အဖြစ်နှစ်ရှည်ပင်တွေစိုက်ထားပြီး အဲဒီလိုနှစ်ရှည်ပင်တွေစိုက်ထားတဲ့အခါ အပင်နဲ့ ခြံကိုစောင့်ရတဲ့အတွက် နေအိမ်ဆောက်ပြီး ရပ်ရွာဓလေ့အရနေထိုင်တာကို တရားစွဲထောင်ချခဲ့တဲ့ဖြစ်စဉ်တွေဟာ ကြံဖွံလက်ထက်တုန်းကရော၊NLD လက်ထက်တုန်းကပါ ရှိနေခဲ့ပါတယ်။

အဲလိုဖြစ်စဉ်မျိုးတွေဟာ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးစကားအရဆိုရင် ULA/AA လက်ထက်မှာလည်း လူထုရင်ဆိုင်ရတော့မှာပါ။

ခ-လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့်ကို ထိန်းချုပ်မယ့်အကြောင်းကို ULA/AA ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကပြောရာမှာ လေးချက်ရှိနေတာကိုတွေ့ရပါတယ်။

၁-လယ်ယာမြေမှာ နေအိမ်အဆောက် အအုံဆောက်လုပ်တာနဲ့ပတ်သက်ပြီး ကြံဖွံ့အစိုးလက်ထက်က ကျင့်သုံးလာတဲ့တခြားနည်းသုံးစွဲကို ကိုင်စွဲပြီးအရေးယူခံနိုင်ပါတယ်။ မြေသိမ်းခံရနိုင်ပါတယ်။ ထောင်ချခံရနိုင်တယ်လို့ ဆိုထားပါတယ်။

၂-လူထုကို ဘူးလေးရာဖရုံဆင့်လုပ်မယ့်အချက်တွေမှာ ကြံဖွံ့နည်းလမ်းအတိုင်း လယ်ယာမြေအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရောချပါတယ်။

၃-အောက်ခြေလူထုရဲ့အိုးအိမ်ဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် တန်ဖိုးနည်းအိမ်ယာတွေ၊နှစ်သုံးဆယ်အရစ်ကျ အကြွေးဆပ်စနစ်တွေ၊ မြေယာကို စီးပွားရေးအရင်းအနှီးအဖြစ် မတည်ပေးတဲ့ဘဏ်စနစ်တွေကို အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ဖို့အားနည်းတာကိုမျက်ကွယ်ပြုပြီး စည်းကမ်းပျက်လယ်သမားတွေက အိမ်ယာဖော်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

၄-လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့်တွေလျှောက်တဲ့အခါမှာ အမှန်တကယ်အိုးအိမ်လိုအပ်ကြောင်း ရပ်ရွာဆုံးဖြတ်ချက်တွေလိုပါတယ်။ ရပ်ရွာနဲ့နီးကပ်တဲ့မြေ ဖြစ်ရပါမယ်။ ဆန်စပါးစိုက်တဲ့မြေထက် ကိုင်းမြေ၊ယာမြေ၊စိုက်ပျိုးလို့မရနိုင်တဲ့မြေ ဖြစ်ရပါမယ်။ ပုဂ္ဂလိကဖော်ဆောင်မှုဟာ ခွင့်ပြုချက်ရဖို့ အခွင့်အရေးနည်းပါတယ်။ အစိုးရနဲ့ဖက်စပ်ဖော်ဆောင်ရင် ခွင့်ပြုချက်ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ULA/AAလယ်ယာမြေကို တခြားနည်းအသုံးပြုခွင့်အပေါ် သုံးသပ်ချက်

လယ်ယာမြေကို တခြားနည်း အသုံးပြုခွင့်ဟာ ကြံဖွံ့ရဲ့ဥပဒေအရ ဗဟိုချုပ်ကိုင်မှုကို အလွန်အကဲလုပ်ထားပါတယ်။

အဲဒါကို ULA/AA ဘက်က နှစ်သက်နေပုံပါ။

ဗဟိုချုပ်ကိုင်မှုစနစ်က အာဏာပါဝါရှိသူတွေရဲ့အသိုင်းအဝန်းတွေအတွက် အခွင့်အရေးကိုဖြစ်စေပြီး အောက်ခြေလူထုအတွက်တော့ လက်လှမ်းမမှီနိုင်တော့ပါဘူး။

လယ်ယာမြေလို့ သတ်မှတ်ထားတဲ့မြေတွေမှာ အဆောက်အအုံတွေဆောက်ပါတယ်။

တခြားနည်းခွင့်ပြုချက်မရဘဲလုပ်တယ်စတဲ့အချက်တွေကိုကြည့်ရင် အိမ်ခြံမြေအဖြစ်ရောင်းချနေတာကို ULA/AA ရဲ့ မြေယာကော်မတီဟာ ပစ်မှတ်ထားနေပုံရပါတယ်။

အစိုးရအဆက်ဆက်က တန်ဖိုးနည်းအိမ်ယာတွေ၊နှစ်သုံးလေးဆယ်အရစ်ကျစနစ်တွေနဲ့ အနစ်နာခံဖော်ဆောင်ပေးမယ်ဆိုရင် လယ်မြေကို အိမ်ယာကွက်ရောင်းစားနေတဲ့ပြဿနာလည်း မရှိနိုင်တော့ပါဘူး။

မြေယာကို လူမှုအရင်းအနှီးအာမခံချက်အဖြစ်သတ်မှတ်ပြီး ငွေချေးနိုင်တဲ့ကိစ္စမျိုးကို ဘဏ်တွေက အစိုးရအဆက်ဆက် မဆောင်ရွက်ပေးနိုင်ခဲ့ပါဘူး။

စိုက်ပျိုးရေးချေးငွေ ချေးထားတဲ့လယ်ယာမြေကို ဗဟိုဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေမှာ ငွေချေးလို့ မရတော့ပါဘူး။

အဲလိုမျိုးမြေယာရဲ့အရင်းအနှီး ဂရမ်တီကို သင်းကွပ်ထားပါတယ်။

အစိုးရတရပ်ဟာ လူထုရဲ့လိုအပ်ချက်အပေါ် ကိုယ်ကအရင် အနစ်နာခံအရင်းအနှီးစိုက်ထုတ်အကောင်အထည် ဖော်ရမယ့်အစား သာမန်အောက်ခြေလူထုရဲ့ ပုဂ္ဂလိကအခွင့်အရေးကိုတော့ မျက်ကွယ်ပြု၊အာဏာရှိသူတွေနဲ့နီးကပ်တဲ့သူတွေရဲ့ ပုဂ္ဂလိကအခွင့်အရေးကိုကျတော့ ဦးစားပေးမှုကိုသာလုပ်နေပါတယ်။

ကိုယ်က အရင်းအနှီးမစိုက်ထုတ်ဘဲ ပုဂ္ဂလိကဟာ အစိုးရနဲ့ ဖက်စပ်လုပ်မယ်ဆိုရင် ခွင့်ပြုချက်ရနိုင်တယ်ဆိုပြီး လုပ်ပိုင်ခွင့်နဲ့ လူထုအရင်းအနှီးကို အမြတ်ထုတ်ဖို့ကြံနေပါတယ်။

မြေယာနဲ့အိမ်ဆောက်ရောင်းဝယ်မှုကငွေလိုချင်နေပြီး လူထုလည်ပင်းညှစ်ရန်ပြင်နေပါတယ်။

ဂ-ULA/AAမြေသိမ်းမှာနဲ့ပတ်သက်ပြီးသုံးချက်ရှိပါတယ်။

၁-မြေကို ပြည်သူမပိုင် အစိုးရသာပိုင်တာဆိုတဲ့Eiment Dominant အမြင်ကပြောပါတယ်။ အဲဒါဟာ လူထုအခြေခံလိုအပ်ချက် အဆောက်အအုံတွေ အတွက်လို့လည်း ဆိုပြန်ပါတယ်။

၂-၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေကို အခြေခံထားပြီး အသင့်တော်ဆုံးနည်းလမ်းတွေကို ရွေးချယ်ထားတဲ့ပုံစံတွေကို ကျင့်သုံးနေတယ်လို့ဆိုပါတယ်။

၃-လက်ရှိအခြေအနေမှာ အဆိုးဘက်ကခံစားနေတာတွေဟာ အနာဂတ်မှာ မျိုးဆက်ပေါင်းများစွာအတွက် အကျိုးရှိမယ်ဆိုရင် တဒင်္ဂအနစ်ခံမှုအတွက် စွန့်လွတ်သင့်တယ်လို့ ခံယူဖို့လိုကြောင်းကိုလည်းပြည်သူလူထုကို အနစ်နာခံခိုင်းနေပါတယ်။

ULA/AAမြေသိမ်းမယ့်အပေါ် သုံးသပ်ချက်

အဲဒီလမ်းတံတား၊ဆေးရုံ၊စာသင်ကျောင်းအပါအဝင် ကာကွယ်ရေးစတဲ့လူထုအခြေခံလိုအပ်ချက် အဆောက်အအုံတွေအတွက် မြေသိမ်းတာလို့လည်းဆိုပြန်ပါတယ်။

အဲဒါဆို တခုစဉ်းစားဖို့ရှိတာက လက်ရှိ ULA/AA သိမ်းထားတဲ့နေရာတွေက လမ်းတံတား၊ဆေးရုံတွေနဲ့မြန်မာစစ်တပ်စခန်းချခဲ့တဲ့နေရာတွေ ဘယ်ကိုရောက်သွားပါသလဲ။

ပြိုကျသွားရင်အဆောက်အအုံနေရာမှာ မြေနေရာကတော့ကျန်ခဲ့မှာပါ။

လက်ရှိတောင်မှ ရှိနေပြီးသား လမ်း၊တံတား၊ဆေးရုံတွေမှာ လူသားအရင်းအမြစ်မလုံလောက်လို့ လည်ပတ်ရခက်ခဲနေသေးတယ်မဟုတ်ပါလား။

အာရက္ခဒေသမှာ မြန်မာစစ်တပ်က မြေယာပြဿနာတွေကိုပဲထားခဲ့တာမဟုတ်ပါဘူး။

ဌာနဆိုင်ရာရုံးကနားတွေရဲ့မြေနေရာတွေကိုလည်း ထားပစ်ခဲ့တာမဟုတ်ပါလား။

မြန်မာစစ်တပ်သိမ်းခဲ့တဲ့မြေတွေဟာ အများကြီးပါ။

အဲဒီမြေတွေဟာ ခုတော့…ULA/AA လက်ထဲမှာပါ။

အရင်အစိုးရဆီမြေသိမ်းခံထားရတဲ့သူတွေကို ပြန်ပေးမယ်ပုံလည်း ပီပီပြင်ပြင်သိပ်မပေါ်ပါဘူး။

ရခိုင်နဲ့ပတ်သက်လို့ အခြေခံအဆောက်အအုံပိုင်းတွေ တိုးတက်လာတဲ့အချိန်ကာလဟာ နအဖ၊နဝတ လက်ထက်ပါ။

သံသမကြီး၊လုံးတော်ပေါက်လိုတံတား​တွေ ကျောက်ဖြူ-ရန်ကုန်၊ စစ်တွေ- ရန်ကုန်စတဲ့ကားလမ်းမကြီးတွေဟာ နအဖ၊နဝတ ဗိုလ်သန်းရွှေခေတ်မှာ လုပ်ခဲ့တာပါ။

အဲလိုလုပ်တဲ့အခါ နအဖ၊နဝတဟာ ဒေသခံလူထုကို ညှိ့နှိုင်းကြိုတင်အသိပေးသဘောထားရယူတဲ့ FPIC စံနှုန်းကိုလည်း ဂရုမစိုက်၊အာဏာလက်နက် သေနတ်စက်ပုံစံမျိုးနဲ့ Eminent Domain ပုံစံလုပ်ခဲ့ပါတယ်။

အဲဒီဖွံ့ဖြိုးရေး၊တည်ဆောက်ရေးကို ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့ မတည်ဆောက်တဲ့အခါ ဘယ်ရခိုင်လူထုကမှကျေးဇူးမတင်သလို ခါးခါးသီးသီးအမုန်းတရားကိုသာဖြစ်လာစေပါတယ်။

အဂတိမှု၊တရားမဲ့မှုတွေအပေါ် အမြင်

ULA/AA ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီရဲ့အဂတိမှုတွေ၊တရားမဲ့မှုတွေအပေါ်ခွဲခြမ်းစိတ်ဖြာရာမှာလည်း နှစ်ချက်ကို တွေ့ရပါတယ်။

က-အဂတိမှု၊တရားမဲ့မှုတွေဟာ အရင်အစိုးရအဆက်ဆက်ဆီကပါလာတဲ့အကျင့်လို့ ဆိုပါတယ်။

ခ-အဂတိမှုတွေ၊အကျင့်ပျက်မှုတွေကိုလည်းရေးယူမယ်လို့ ဆိုပါတယ်။

ULA/AA မြေယာကော်မတီရဲ့အဂတိမှု၊ တရားမဲ့မှုအမြင်အပေါ် သုံးသပ်ချက်

အရင်အစိုးရအဆက်ဆက်ဆီကပါလာတဲ့အကျင့်လို့ဆိုထားပြီး ပြည်သူလူထုရဲ့လက်ရှိအခွင့်အရေးတွေကို ချိုးဖောက်တဲ့အနေအထားမျိုးဖြစ်လာနိုင်တဲ့ မိမိတို့မူဝါဒပိုင်းကို ပြန်သုံးသပ်ရမယ်အချက်တွေကိုတော့ မျက်ကွယ်ပြုထားပါတယ်။

ပြည်သူတွေ ကျယ်ကျယ်ပြန်ပြန်ပါဝင်ဖို့အတွက် တိုင်ကြားမှုယန္တရားတွေကို တည်ဆောက်တာ၊တိုင်ကြားတဲ့အခါတိုင်ကြားသူရဲ့ဘေးကင်းလုံခြုံမှုကို အာမခံတာ၊အာဏာပိုင်တွေရဲ့လုပ်ကိုင်မှုတွေကို စောင့်ကြည်ရေးယန္တရားတွေ၊အစီရင်ခံစာတွေ ထုတ်ပြန်တာစတဲ့ လုပ်ငန်းစဉ်တွေကိုတော့ တခွန်းတောင်မဟသွားခဲ့ပါဘူး။

အဲဒါကြောင့် အဂတိမှုတွေ၊မတရားမဲ့မှုတွေဟာ ထပ်ပေါ်ပေါက်လာနေပြီးပြည် သူ့လူထုအတွက် တိုင်တန်းဖွင့်ဟမှုကိုလည်း အာမခံချက်မပေးထားပါဘူး။

အသံထွက်လာရင် အသံထွက်လာတာကို နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်ဖိနှိပ်တော့မှာပါ။

ပြည်သူဟာ မြေယာဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုတွေကို အသံမထွက်နိုင်ဘဲ ခါးသီးခံစားရမယ့်ကိန်းမျိုးကထပ်လာနေပါပြီ။

တရားနည်းလမ်းကျမယ့် မြေယာမူဝါဒမျိုးဟာ အာရက္ခဒေသအတွက် အလှမ်းဝေးနေဆဲပါ။

PrevPreviousမန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ
Nextမောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေNext
Previous Post

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Next Post

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page