အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ကွင်းဆင်းကာအခမဲ့ဆေးကုသပေးတာနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံတွေကို ငှက်ဖျားသွေးဖောက်စစ်ဆေးပေးတာ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးတာအပြင် အရေပြားရောဂါနဲ့ အထွေထွေရောဂါတွေကို အခမဲ့ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် CYC ခြင်ထောင် အလုံး ၂၅၀ ကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး HDCO ဘက်ကလည်း ၂ နှစ်အောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေ ပေးခဲ့ပါတယ်။ အခုလိုကွင်းဆင်းကုသပေးမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသခံပြည်သူတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
Read moreBorder News Agencyတောင်ကုတ်၊ ဇန်နဝါရီ ၁၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ အမျိုးသားတဦးရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ တွေ့ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီတောင်ရွာက အသက်လေးဆယ်သုံးနှစ်အရွယ် ဦးကိုကိုမျိုးကို ရေနစ်သေဆုံးနေတာကို ဒေသခံတွေတွေ့ခဲ့ကြတာပါ။...
Read moreBorder News Agencyစစ်တွေ၊ ဇန်နဝါရီ ၁၁။ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်မှ တပ်ရင်းမှူးဗိုလ်မှူးထက်မြင့်သိန်းဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျဆုံးသွားခဲ့ပါတယ်။ သူဟာ အသက်သုံးဆယ့်သုံးနှစ်အရွယ် မာန်အောင်ဇာတိဖြစ်ပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားရှေ့တန်းတိုက်ပွဲမှာ အနီးကပ်ကွပ်ကဲနေချိန် ကျဆုံးခဲ့တာပါ။ သူ့ရဲ့ဈာပနကို...
Read moreBorder News Agencyစစ်တွေ၊ ဇန်နဝါရီ ၄။ စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း ၁ မှာ ရခိုင်ကပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံ့နှစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီတနေရာ အနိုင်ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဇန်နဝါရီလ ၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူနဲ့စစ်တွေမှာ...
Read moreBorder News Agencyတောင်ကုတ်၊ ဒီဇင်ဘာ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ အမျိုးသားနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီစစ်ကျန်လက်နက်ကို ပန်းပဲဖိုအဖြစ် အသုံးပြုနေပြီး ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်မှာ ပေါက်ကွဲမှုဖြစ်တာကြောင့်...
Read moreBorder News Agencyတောင်ကုတ်၊ အောက်တိုဘာ ၂၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာက မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းကို အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ညနေ ၇ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်...
Read moreBorder News Agencyမာန်အောင်၊ အောက်တိုဘာ ၁၅။ မာန်အောင်မြို့မှာ စစ်ကော်မရှင်တပ်က MPT ဖုန်းလိုင်းတွေပြန်ဖွင့်ပေးလိုက်ပေမယ့် နယ်ဘက်ကျွေးရွာတွေမှာ ဖုန်းလိုင်းတွေမရကြဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီမြို့ပေါ်ရပ်ကွက်တွေနဲ့မြို့အနီးနှစ်မိုင်ခန့်ဝန်ကျင်းထိသာဖုန်းလိုင်းတွေရနေပြီး နယ်ဘက်ကျေးရွာတွေမှာတော့ ဖုန်းလိုင်းတွေလုံးဝမရသေးဘူးလို့လည်းဆိုကြပါတယ်။ အဲဒီနယ်ကျွေးရွာတွေမှာ ဖုန်းလိုင်းတွေမရတာဟာ စစ်ကော်မရှင်တပ်က လာမယ့်ရွေးကောက်ပွဲပြုလုပ်ကျင်းပဖို့အတွက်လိုအပ်တဲ့ဧရိယာခန့်ကိုသာ လိုင်းပြန်ဖွင့်ထားတာကြောင်းဖြစ်တယ်လို့...
Read moreBorder News Agencyမာန်အောင်၊ အောက်တိုဘာ ၁၃။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဟာ ရုံးဖွင့်လိုက်ပြီလို့ မာန်အောင်ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမာန်အောင်မြို့နယ်၊ ကအီးကျေးရွာမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်တိုင်းရင်းသားများပါတီ ရုံးဖွင့်ခဲ့တာလို့ဆိုကြပါတယ်။ အဲဒီအပြင် ကုန်တန်းနဲ့တခြားကျေးရွာတွေမှာလည်း...
Read moreBorder News Agencyမာန်အောင်၊ အောက်တိုဘာ ၇။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်မြို့နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေတပ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ အဲဒီမာန်အောင်မြို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင်သွားရောက်ခဲ့ပြီး လမ်းတံတားတွေ၊ ဆက်သွယ်ရေးအခြေအနေတွေကို စစ်ဆေးကြည့်ခဲ့တယ်လို့ အောက်တိုဘာလ ၇ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။...
Read moreBorder News Agencyတောင်ကုတ်၊ စက်တင်ဘာ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စက်တင်ဘာလ ၂၆ရက်၊ဒီနေ့ ညနေမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေသုံးနာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်တိုက်လေယာဥ်နဲ့ပေါင်ငါးရာဗုံးတလုံးကြဲချတိုက်လိုက်ခဲ့တာပါ။ အဲဒီပေါင်ငါးရာဗုံးကျရောက်ပေါက်ကွဲလို့ တပ်ဦးဘုန်းကြီးကျောင်းဆောင်ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄...
Read moreHey! Don't Copy my content.