Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၁။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဦးဆောင်ပြီး ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲကို စည်ကားစွာကျင်းပနေပါတယ်။
အဲဒီပြိုင်ပွဲမှာ ရပ်ကွက်၊ ကလပ်နဲ့ ဌာနဆိုင်ရာအသင်း စုစုပေါင်း ၁၇ သင်းပါဝင်ပြီး တပတ်ကိုစနေနဲ့ တနင်္ဂနွေနှစ်ရက်သာ ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားနေကြတာပါ။
အဲဒီဘောလုံးပွဲမှာ ရခိုင်၊ ဟိန္ဒူနဲ့မွတ်ဆလင် လူမျိုးပေါင်းစုံစုပေါင်းပါဝင်ကစားနေကြပြီး ဒေသတွင်းတည်ငြိမ်မှုနဲ့ လူမျိုးစုများအကြား သဟဇာတဖြစ်မှုကိုဖော်ပြနေတာပါ။
“လူမျိုးစုံအတူတူကစားရလို့ ပိုရင်းနှီးပြီး အရင်ကထက်ပိုစည်ကားလာတယ်။” လို့ အာရက္ခပြည်သူတဦး ကပြောပါတယ်။
ဒီပွဲဟာ အာရက္ခပြည်သူ့အစိုးရလက်ထက် ဒေသခံတွေရဲ့လူမှုဘဝပြန်လည်စည်ကားစေဖို့နဲ့ လူမျိုးတွေအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေဖို့ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။















