Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ပေးအပ်ခဲ့ပါတယ်။
အဲဒီဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပေးအပ်ခဲ့တာပါ။
နိုင်ငံရေးအပြောင်းအလဲကာလအတွင်း စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဘွဲ့ပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီအခမ်းအနားကို ပညာရေးလောကက တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါတယ်။













