Border News Agency
ခလယ်လွီ၊ ဖေဖော်ဝါရီ ၁၀။
ခလယ်လွီထူခရိုင်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ ခပ်စိပ်စိပ်လုပ်ခဲ့တာလို့ ကရင်အမျိုးသာအစည်းအရုံး – ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်ဥသစ်ဖြူဆိပ်ရွာကို ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် ဦးဇော်ကြီး သေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် တလသားအရွယ်ကလေးငယ်တဦးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။
အဲဒီ ဆောထိနဲ့လယ်ဒိုမြို့နယ်ဘက်ကိုလည်း တိုက်လေယာဥ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းနင်းမိလို့ ကွီးဒိုရွာသား စောလယ်ကပေါ်ဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။





















