Border News Agency
ကလေး၊ ဖေဖော်ဝါရီ ၁၁။
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် ကလေးမြို့နယ်အတွင်းက ကျေးလက်ဒေသမှာ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
”ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ” ဆိုတဲ့အတိုင်း ဒေသခံပြည်သူတွေဟာ အခုထက်ထိအသံမတိတ်၊ အလံမလိပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် တော်လှန်နေကြတယ်လို့ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ”ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်” ကြဖို့နဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးမြှင့်တင်ပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

















