Border News Agency
ဒါကာ၊ ဖေဖော်ဝါရီ ၁၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။
မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။


















