Border News Agency
လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။
ကေအဲန်ယူ – ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ တလင်းကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိန်တောအခြေစိုက်စစ်ကော်မရှင်တပ်က ဖျံဒရုန်းနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်လို့ စောဇော်မင်းနောင်၊ စောဖိုးထက်နဲ့စောမောင်ဆဲတို့ရဲ့ နေအိမ် ၃ လုံးပျက်စီးခဲ့သလို စောဖီးကောက်ရဲ့ နွားတဲတလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။
အဲဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရသလို ပြည်သူတွေဟာလည်း ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေထိုင်နေကြရပါတယ်။









