၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မင်းပြားခရိုင်အတွင်းမှာဖေဖော်ဝါရီလ၂၀ ရက်၊မနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲကျင်းပရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တာပါ။
အဲဒီ အတွင်းမှာ ချင်း၊သက္ကမ တိုင်းရင်းသားတွေနဲ့အတူ အာရက္ခစစ်သည်တော်တွေက ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စုပေါင်းစည်းလုံးမှုကို ပြသခဲ့ကြပါတယ်။
ULA/AA ဘက်ကလည်း ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာဖတ်ကြားခဲ့သလို နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ပလက်ဝအပါအဝင် အာရက္ခဒေသအတွင်းက ခရိုင်အသီးသီးမှာချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

























