ရှမ်းပြည်မြောက်ပိုင်း၊ တုံချိန်မြို့နယ် အားကစားရုံမှာ ကိုးကန့်တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီလ၂၀ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို အထူးဒေသစစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ အားကစားသမားတွေနဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြတာပါ။
အထူးဒေသအတွင်းရှိ ပြည်သူတွေရဲ့ ယဉ်ကျေးမှုဘဝ ကြွယ်ဝလာစေဖို့၊စည်းလုံးညီညွတ်မှု အားကောင်းစေဖို့နဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။



























