အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံရဲ့ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားကို ဖွင့်လှစ်ပေးလိုက်ပြီး Delhi–Meerut လမ်းပိုင်းကို နိုင်ငံအတွက် အပ်နှံပေးလိုက်တယ်ပြီလို့ အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန(PIB) က ထုတ်ပြန်ထားပါတယ်။
ဒါဟာ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ ခေတ်သစ်တခုရဲ့ အစဖြစ်သလို ဒေသခံတွေရဲ့လူနေမှုဘဝကို ပိုပြီး ချောမွေ့အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်အမြန်ရထားနဲ့ မက်ထရိုဝန်ဆောင်မှုတွေကို ပလက်ဖောင်းတခု၊လမ်းကြောင်းတခုတည်းကနေ ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာဟာ ‘ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံ’ဖြစ်လာဖို့အတွက် အဓိကစွမ်းအားစုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။















