ပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ရက်၊နေ့လည်၂နာရီ ၇မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုးငူကျေးရွာမှာ ဈေးရောင်း၊ဈေးဝယ်နေကြတဲ့ ပြည်သူတွေသေဆုံးဒဏ်ရာရသွားခဲ့ပြီး လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီယိုးငူရွာမှ အရပ်သားပြည်သူ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှု အသေးစိတ်ကိုထပ်မံတင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။












