Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၆။
Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။
ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။
အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။










































Comments 1
Whether you are looking for top-quality house painting solutions across the LA area, experienced specialists ensure long-lasting durability while keeping your space spotless ensuring timely delivery without delays to transform your interior or exterior.
View more- https://talkwellington.org.nz/2017/new-life-in-old-buildings/