Border News Agency
ပလက်ဝ၊ ဖေဖော်ဝါရီ ၂၆။
ချင်းပြည်၊ ပလက်ဝမြို့နယ်က တွီကင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားခဲ့ရပါတယ်။
အဲဒီလိုအခက်အခဲဖြစ်နေတဲ့ မီးဘေးသင့်အိမ်ထောင်စုတွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အရေးပေါ်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီ ထောက်ပံ့ပေးခဲ့တဲ့အထဲမှာတော့ အိုးခွက်ပန်းကန်တွေ၊ ခြင်ထောင်၊ တာပေါ်လင်စနဲ့ အရေးပေါ်အမိုးအကာပစ္စည်းတွေအပြင် တခြားလူသုံးကုန်ပစ္စည်း စုစုပေါင်း ၁၆ မျိုး ပါဝင်တယ်လို့ သိရပါတယ်။
ဒီမီးလောင်မှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၁ ရက်နေ့ ညနေပိုင်းက နေအိမ်တလုံးမှာရေနွေးတည်ရာကနေ ဝါးထရံကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
နေအိမ်တွေဆုံးရှုံးသွားလို့ နေထိုင်ရေးခက်ခဲနေတဲ့ ဒေသခံတွေအတွက် အခုလို HDCO ရဲ့ ကူညီမှုတွေက အချိန်ကိုက်ဖြစ်ပြီး အများကြီးအထောက်အကူဖြစ်စေပါတယ်။








