Border News Agency
မန္တလေး၊ ဖေဖော်ဝါရီ ၂၆။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး အထူးလှုပ်ရှားတပ်မ ရဲ့ ၅ နှစ်ပြည့် တပ်မွေးနေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
တပ်မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးခရီးကြမ်းမှာ ကျဆုံးသွားခဲ့ကြတဲ့ စစ်သည်ရဲဘော်အပေါင်းကိုရည်စူးပြီး ဆွမ်းကပ်အမျှဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေထံသွားရောက်ပြီး စားနပ်ရိက္ခာတွေဝေမျှထောက်ပံ့တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ကြတာပါ။
အခမ်းအနားမှာတော့ တပ်ရင်းနဲ့ဌာနအလိုက် ရဲဘော်တွေစုပေါင်းတန်းစီအလေးပြုကြပြီး တပ်မွေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ပျော်ရွှင်စရာ အစီအစဉ်တွေအနေနဲ့ အမှတ်တရမွေးနေ့ကိတ်ခွဲတာ၊ ရဲဘော်တွေကြားစည်းလုံးမှုကိုဖော်ဆောင်တဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
အခုလို ၅ နှစ်ပြည့် တပ်မွေးနေ့အခမ်းအနားဟာ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလို တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။














