Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၂၇။
မဲဆောက်မြို့၊ ဘန်ဆောင်ခွဲ ၂ ရွာက ဆောက်လုပ်ရေးခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းမှာ ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်နေထိုင်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ် မရှိဘဲ အလုပ်လုပ်နေကြတာလို့ သိရပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို လဝကအက်ဥပဒေနဲ့ အလုပ်သမားဥပဒေတွေအရ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ အခုလိုတရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။


















