Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ လေးမြို့မြစ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကလေးငယ်တဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာမှ ဦးအာဘူလုရဲ့သား အသက်ရှစ်နှစ်အရွယ် မာမတ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဆပ်ကျာ (မူဆလင်) ကျေးရွာနေ မာမတ်ခါးဟာ မိဘတွေအလုပ်သွားနေချိန် ရွာအရှေ့ဘက်ရှိ လေးမြို့မြစ်ကမ်းစပ်မှာ တဦးတည်းရေချိုးနေချိန် ရေနစ်မြုပ်သွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ ရေနစ်မြုပ်သွားပြီးနောက် ဒေသခံတွေချက်ချင်းရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပေမယ့် မာမတ်ခါးကို အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရေနစ်သေဆုံးသွားတဲ့ မာမတ်ခါးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာမိသားစုဝင်တွေနဲ့ ရွာသားတွေကသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့ပါတယ်။ အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ရေနစ်သေဆုံးခဲ့တာပါ။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။
Read moreBorder News Agencyမင်းပြား၊ နိုဝင်ဘာ ၈။ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ အမျိုးသမီးငါးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာ ရသွားပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊...
Read moreBorder News Agencyမင်းပြား ၊နိုဝင်ဘာ ၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့ တရက်တည်းမှာ စစ်ကော်မရှင်တပ် တိုက်ခိုက်လို့ကလေးလေးဦး သေဆုံးပြီးသုံးဦး ဒဏ်ရာရသွားပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊...
Read moreBorder News Agencyမင်းပြား၊ နိုဝင်ဘာ ၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားကြပါတယ်။ အဲဒီမင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ...
Read moreBorder News Agencyမင်းပြား၊ နိုဝင်ဘာ ၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုကြပါတယ်။ အဲဒီမင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ရှိ မိုးထိအောင်ဘော်ဒါဆောင်ကို...
Read moreBorder News Agencyမင်းပြား၊ အောက်တိုဘာ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ ကလေးငယ်တဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ မင်းပြားဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ငှက်တော်ရရပ်ကွက်က ဦးဇော်ဝင်းရဲ့သားဖြစ်သူ အသက်ခုနှစ်နှစ်အရွယ် မောင်ချစ်လင်းဇော်ဖြစ်ပါတယ်။ မောင်ချစ်လင်းဇော်ဟာ အောက်တိုဘာလ ၁၇ရက်၊...
Read moreBorder News Agencyမင်းပြား၊ အောက်တိုဘာ ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့မှာ စစ်လက်ကျန်ဗုံးသီးတလုံးကိုထုခွဲရာ ပေါက်ကွဲမှုကြောင့် တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီမင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ လူငယ်သုံးဦးဟာ အောက်တိုဘာလ ၁၅ ရက်၊ ဒီနေ့...
Read moreBorder News Agencyမင်းပြား၊ စက်တင်ဘာ ၂၃။ အာရက္ခအဆုံးအဖြတ်စစ်ပွဲအတွင်း အာရက္ခတပ်တော်(AA)ဟာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်တထောင်ကျော်ကို ပြန်လွတ်ပေးခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသကမြို့နယ် ဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီတိုက်ပွဲတွေအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံးပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင် တထောင်ကျော်ကို ပြန်လွတ်ပေးပြီးဖြစ်ပါတယ်။...
Read moreBorder News Agencyမင်းပြား၊ ဩဂုတ် ၁၇။ အာရက္ခဒေသမှာ ရေကြီးမှုကြောင့် စိုက်ပျိုးထားပြီးသား စပါးခင်းဧကနှစ်သောင်းခန့်ပျက်စီးသွားခဲ့ပြီး လယ်အများစုကို စပါးတွေ ပြန်မစိုက်ပျိုးနိုင်ကြဘူးလို့ လယ်သမားတွေနဲ့လယ်သမား အရေးကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။ အဲဒီလယ်တွေကို စပါးပြန်လည်စိုက် ပျိုးဖို့အရင်းအနှီး၊မျိုးစပါးမရှိတာ၊ အ ချိန်မမီတော့တာမို့...
Read moreHey! Don't Copy my content.