Border News agency
အစ္စရေး၊ မတ် ၁။
အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့အနောက်ဘက်ရှိ ဘစ်ရှီးမစ်ရှ်(Beit Shemesh)အခြေစိုက် စစ်ဘေးအန္တရာယ်ခိုလှုံနေထိုင်ကြတဲ့စခန်းကို အီရန်ဒုံးကျည်တစင်း တိုက်ရိုက်ကျရောက်ထိမှန်ခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အတည်ပြုနိုင်သမျှအချက်အလက်တွေအရ အစ္စရေးနိုင်ငံသား ၆ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ဒုံးကျည်တိုက်ရိုက်ထိမှန်တာကြောင့် အဆောက်အအုံတွေပျက်စီးမှုပြင်းထန်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။













