Border News Agency
အိန္ဒိယ၊ မတ် ၈။
မတ်လ ၈ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယနယ်စပ်တနေရာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေဟာ သူတို့ရဲ့ရပိုင်ခွင့်နဲ့ အသံတွေကိုဖော်ထုတ်တဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။
စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာနေကြရပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ တရားမျှတမှုအတွက် အခုလို စုပေါင်းအသံဖော်ထုတ်ခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး၊အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေ ရရှိစေဖို့အတွက်တောင်းဆိုခဲ့ကြသလို၊ သူတို့ရဲ့ ခံစားချက်တွေကိုလည်း မှတ်တမ်းပုံရိပ်တွေနဲ့တကွ စုစည်းတင်ဆက်ခဲ့ကြပါတယ်။























