Border News Agency
အီရန်၊ မတ် ၁၀။
အီရန်နိုင်ငံအရှေ့တောင်ပိုင်း၊ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းအနီး ပါရှန်းပင်လယ်အော်အတွင်းမှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ပိုင် Shahid Soleimani အဆင့်မီ ကော်ဗတ်စစ်သင်္ဘောတစီးကို မတ်လ ၉ ရက်၊ မနေ့က အမေရိကန်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီ Shahid Soleimani စစ်သင်္ဘောဟာ အီရန်ရဲ့ခေတ်မီရေဒါစနစ်တွေကို ရှောင်ကွင်းနိုင်တဲ့နည်းပညာသုံးစစ်သင်္ဘောတစီးဖြစ်ပြီး အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်မှာ ထိခိုက်ပျက်စီးမှုအခြေအနေကတော့ ပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာဒေသတွင်းရေကြောင်းလုံခြုံရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အီရန်ဘက်က ထိခိုက်ပျက်စီးမှုအသေးစိတ်ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်သလို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဘက်ကလည်း ပါရှန်းပင်လယ်အော်အတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေတိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ရေကြောင်းပဋိပက္ခတွေဟာ အခုလိုအဆင့်မြင့်စစ်သင်္ဘောတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အထိ ပြင်းထန်လာတာကြောင့် ဟော်မုဇ်ရေလက်ကြားတလျှောက် ရေကြောင်းကုန်သွယ်ရေးအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။













