Border News Agency
အီရန်၊ မတ် ၁၀။
အီရန်နိုင်ငံမြောက်ပိုင်း၊ အယ်လ်ဘော့ဇ် ပြည်နယ်၊ ကာရတ်ဂျ်မြို့မှာရှိတဲ့ အမျိုးသားကျောက်ကပ်ဆေးစင်တာကို မတ်လ ၉ ရက်၊ မနေ့က အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတပ်ဖွဲ့တွေ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အီရန်တစ်ဝှမ်း လုပ်ဆောင်နေတဲ့ လေကြောင်းစစ်ဆင်ရေးတွေထဲက တခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုထိမှန်ခဲ့တာကြောင့် လူနာတွေနဲ့ ဝန်ထမ်းတွေ ထိခိုက်သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံ ပျက်စီးမှုပြင်းထန်ခဲ့ပြီး ထိခိုက်သေဆုံးမှုစာရင်းကို အီရန်အာဏာပိုင်တွေဘက်က အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။












