Border News Agency
စစ်ကိုင်း၊ မတ် ၁၁။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC) နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် “အလံမလိပ် အသံမတိတ်”လူထုလှုပ်ရှားမှုကို မတ်လ ၁၀ ရက်၊မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုအတွင်း ဒေသခံပြည်သူတွေအနေနဲ့စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကို ငြိမ်ခံမနေဘဲမြို့ပြဖီဆန်မှုနဲ့ ကျေးလက်ပုန်ကန်မှုတွေကိုဟန်ချက်ညီညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ကလေးမြို့မှာ စစ်အာဏာသိမ်းပြီးကတည်းက အခုလို လူထုဆန္ဒပြပွဲတွေကို နည်းလမ်းမျိုးစုံနဲ့ အဆက်မပြတ် ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။















