Border News Agency
ထိုင်း၊ မတ် ၁၁။
မြန်မာနိုင်ငံဘက်ကနေ မတ်လ ၁၀ ရက်၊မနက် ၁၀ နာရီ အချိန်ကပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို မဲဆောက်မြို့၊ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ လက်ခံခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ အဲဒီနိုင်ငံခြားသားတွေကို လက်ခံခဲ့တာဖြစ်ပြီး ကိုယ်ရေးအချက်အလက်တွေ ရယူတာနဲ့စောင့်ကြည့်စာရင်းထည့်သွင်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လူကုန်ကူးမှုခံရတာ ရှိ၊ မရှိ စစ်ဆေးတဲ့အမျိုးသားအဆင့် ယန္တရား (NRM)အရလည်း သက်ဆိုင်ရာအဖွဲ့စုံကနေ စနစ်တကျ စိစစ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ နိုင်ငံခြားသားတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။


























