Border News Agency
ပဲခူး၊ မတ် ၁၃။
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ကေတုမတီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မတ်လ ၁၂ ရက်၊ ညပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
“Mission 51” အဖြစ်လုပ်ဆောင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာရှော့တိုက်ဒုံး ၁၃ လုံးဟာ လေတပ်စခန်းအတွင်းကို အောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့တယ်လို့ BWM က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေယာဉ်ဆီရရှိဖို့ အခက်အခဲဖြစ်နေချိန်မှာ အခုလိုအရေးကြီးတဲ့ လေယာဉ်ဆီလှောင်ကန်နဲ့ လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကော်မရှင်ဘက်က လေတပ်အတွင်းသတင်းအချက်အလက်တွေ အပြင်မထွက်အောင် တင်းကျပ်စွာပိတ်ဆို့စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။











