Border News Agency
ထိုင်း၊ မတ် ၂၄။
ထိုင်းနိုင်ငံ၊ အာမနတ်ချာရိုယန်ခရိုင်၊ ချာနုမန်မြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၄ သိန်းနဲ့အတူသံသယရှိသူ အမျိုးသား ၄ ဦးကို မတ်လ ၂၃ ရက်၊ မနက် ၃ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ မှောင်ခိုသယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ အမှတ် ၂၃ ခြေလျင်တပ်ရင်းနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဟင်စီယူး-စုန်ယန်း လမ်းပိုင်းမှာ စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။
အဲဒီဖမ်းဆီးမှုအတွင်း ဆေးပြား ၄ သိန်းအပြင် သယ်ဆောင်လာတဲ့ ကား ၂ စီးနဲ့ ဖုန်း ၄ လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ ချာနုမန်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီလို့ဆိုပါတယ်။














