Border News Agencyကျောက်တော်၊ မတ် ၄။ "သူပုန်ဖြူ" ကဗျာစာအုပ် အားပေးသူတွေအတွက် ဒုတိယအကြိမ်ကံစမ်းမဲနှိုက်ပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ဒုတိယစစ်ဦးချုပ်ဒေါက်တာညိုထွန်းအောင်ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ မတ်လ ၄ ရက်၊ ဒီနေ့၊ နေ့လယ် ၁၂...
Read moreပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ရက်၊နေ့လည်၂နာရီ ၇မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဆယ့်ခုနှစ်ဦးသေဆုံးသွားပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုးငူကျေးရွာမှာ ဈေးရောင်း၊ဈေးဝယ်နေကြတဲ့ ပြည်သူတွေသေဆုံးဒဏ်ရာရသွားခဲ့ပြီး လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီယိုးငူရွာမှ အရပ်သားပြည်သူ သေဆုံးမှုနဲ့ဒဏ်ရာရရှိမှု အသေးစိတ်ကိုထပ်မံတင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
Read moreBorder News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်က မူဆလင်ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။ အဲဒီ မူဆလင်ကျေးရွာတချို့မှာ ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ဒေသခံတွေဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကွင်းဆင်းဆေးကုသပေးခဲတာပါ။ ရောဂါဖြစ်ပွားနေတဲ့ ဆင်အိုးချိုင်နဲ့ ပေါက်တောပလောင်ကျေးရွာတွေမှာ အခုလိုကွင်းဆင်းကုသပေးခဲ့တာဖြစ်ပြီး ပေါက်တောပလောင်ရွာက ၅ နှစ်အောက် ကလေးငယ်တဦးကတော့ ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ လူနာတွေကိုဆေးကုသပေးတာအပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့်ဖြစ်ပွားတာမို့ ရေကြိုချက်သောက်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။
Read moreအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယာဉ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။ ဒီလုပ်ငန်းစဉ်ကို DLEPS တပ်ဖွဲ့ဝင်တွေနဲ့ ULA/AA အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ဈေးတွေနဲ့ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အသိပညာပေး ဗီနိုင်းတွေစိုက်ထူတာ၊ စာစောင်ဝေတာတွေ လုပ်ဆောင်နေတာပါ။ အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း ၁၀ချက်နဲ့ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်း ၁၉ ချက်ကို ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ကြပ်မတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက် လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းလင်းတာနဲ့ အသိပညာပေးတာတွေကို အခုလို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Read moreBorder News Agencyကျောက်တော်၊ ဖေဖော်ဝါရီ ၂။ နွေဦးတော်လှန်ရေးငါးနှစ်နီးပါးကာလအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ မတရားသတ်ဖြတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၁,၄၇၂ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ အာရက္ခဒေသဟာ သေဆုံးမှုနှုန်း အမြင့်ဆုံးဒေသတွေထဲက တခုဖြစ်နေတယ်လို့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၂၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခုနှစ်ဆန်းပိုင်းကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်နှိမ်နင်းရေးတွေလုပ်ဆောင်နေပါတယ်။ အဲဒီကျောက်တော်မြို့နယ်က ဘိန်းစာပင်စိုက်ခင်းတွေကို ဇန်နဝါရီလထဲမှာ အကုန်လိုက်ရှင်းနေသလို WY စိတ်ကြွဆေးနဲ့ ဆေးခြောက်ရောင်းတဲ့သူတွေကိုလည်း အရင်ကထက်ပိုပြီး...
Read moreBorder News Agencyကျောက်တော်၊ ဇန်နဝါရီ ၂၂။ မြန်မာနိုင်ငံတဝှမ်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တနှစ်အတွင်းအရပ်သားပြည်သူ နှစ်ထောင့်သုံးရာ့နှစ်ဆယ့်ခြောက်ဦးသေဆုံးခဲ့ရပြီး လေးထောင့်တရာ့လေးဆယ့်ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အောက်တိုဘာလမှာ နှစ်ရာ့ရှစ်ဆယ့်တဦးနဲ့အများဆုံးဖြစ်ခဲ့ပြီး...
Read moreBorder News Agency ကျောက်တော်၊ ဇန်နဝါရီ ၂၁။ မိသားစုဝင်တွေအစုလိုက်အပြုံလိုက် သေဆုံးသွားရတဲ့ဖြစ်ရပ်ဆိုးကြောင့် ကျန်ရစ်သူတွေရဲ့မျက်နှာထက်မှာ ဖြေမဆည်နိုင်တဲ့ပူဆွေးသောကတွေ အထင်အရှားမြင်တွေ့နေရတာပါ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ်က စစ်သုံ့ပန်းတွေရှိရာနေရာကို ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းမှ ပေါင်...
Read moreBorder News Agency ကျောက်တော်၊ ဇန်နဝါရီ ၂၁။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်သုံ့ပန်းနဲ့မိသားစုဝင် နှစ်ဆယ့်တဦးသေဆုံးပြီး သုံးဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ ကျောက်တော်မြို့နယ်၊ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနီးရှိ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို...
Read moreHey! Don't Copy my content.