Border News Agency
ဖားကန့်၊ ဧပြီ ၄။
ကချင်ပြည်၊ ဖားကန့်မြို့နယ် မှော်ဝမ်းဒေသမှာရှိတဲ့ စစ်ကော်မရှင်တပ်ကင်းစခန်း ၃ ခုကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၃ ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့ အမှိုက်ပုံရွာစခန်း၊ သင်္ချိုင်းနေရာကစခန်းနဲ့ ဆွတ်ဘွမ်ကင်းစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အများအပြား သေဆုံးခဲ့သလို၊ KIA ပူးပေါင်းတပ်တွေဘက်ကလည်း လက်နက်ခဲယမ်းနဲ့စစ်သုံးပစ္စည်းအများအပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
KIA တပ်တွေက အဲဒီဒေသတဝိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။














