သံတွဲမြို့နယ်

သံတွဲမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သံတွဲမြို့ ဖြစ်သည်။

သံတွဲမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်

Border News Agency သံတွဲ၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုစိုးလွင် (ခ) ကိုကို ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ ကိုစိုးလွင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကသူရဲ့စိုက်ခင်းကိုသွားကြည့်ရာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီမိုင်းပေါက်ကွဲလို့ ကိုစိုးလွင်မှာညာဘက်ခြေထောက်အောက်ပိုင်းမှာ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက် ၅၇ နှစ်အရွယ် ဦးမောင်လုံးနဲ့ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

​သံတွဲကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ​အရပ်သားနှစ်ဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ ​စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

ငပလီလေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသွားသူတွေကိုတရားနာအမျှပေး

Border News Agencyသံတွဲ၊ ဇန်နဝါရီ ၉ ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရက်​နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ ငပလီမြို့၊ ကေလင်းသာရပ်ကွက်မှ သေဆုံးသွားသူတွေကို ဇန်နဝါရီလ...

Read more

ငပလီ လေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူတွေထဲမှ တဦးထပ်ပြီးသေဆုံး

Border News Agencyသံတွဲ၊ ဇန်နဝါရီ ၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ ငပလီမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်​နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီငပလီမြို့၊လင်းသာရပ်ကွက်၊ကျင်းကန်ကြီးရွာကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေ​ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်...

Read more

သံတွဲမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Border New Agencyသံတွဲ၊ ဇန်နဝါရီ ၁။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို နှစ်သစ်ကူးမယ့်ည ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို ဒီဇင်ဘာလ ၃၁...

Read more

Breaking News

သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက် Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၁။ အာရက္ခတပ်တော်ထိန်းထားတဲ့သံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ သံတွဲမြို့၊...

Read more

ငပလီကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ကိုးဦးသေဆုံး

Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၀။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားသေဆုံးသူကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီငပလီမြို့ကို ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီအချိန်ခန့်က...

Read more

ငပလီကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေ၊ ဆယ့်ငါးဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၀။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးခဲ့ပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီငပလီမြို့ကို ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်...

Read more

ငပလီကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေပြီးဆယ့်နှစ်ဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၂၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာ(တိုးချဲ့ရပ်ကွက်)ကို ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ၈ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီးဆယ့်နှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီအပြင် လူနေအိမ်တဆယ့်နှစ်ဆောင်လည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

Read more

သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၂၅။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ အမှတ် ၅ တိုက်နယ်၊ ရပ်ရှည်ရွာကို စစ်ကော်မရှင်တပ်က လေကြာင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးသွားတယ်လို့​ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ရပ်ရှည်ရွာကို ခရစ္စမတ်ပွဲတော်ကာလ ဒီဇင်ဘာလ ၁၅...

Read more
Page 1 of 3 1 2 3

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here