Border News Agency
အီရန်၊ ဧပြီ ၄။
အီရန်နိုင်ငံထဲမှာ အမေရိကန် တိုက်လေယာဉ်တစီး ပစ်ချခံလိုက်ရတယ်ဆိုတာကိုဒေသတွင်းမီဒီယာတွေနဲ့Axios သတင်းဌာန က အတည်ပြုထားပါတယ်။
အဲဒါဟာ အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ကတည်းက အမေရိကန် တိုက်လေယာဉ်တစီး ရန်သူ့လက်ချက်နဲ့ ပထမဆုံးအကြိမ် ပစ်ချခံရတာလည်း ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ လေသူရဲနှစ်ဦးကို ပြန်ရှာဖို့အတွက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အီရန်အစိုးရပိုင် မီဒီယာတွေကလည်း ပစ်ချခံရတဲ့လေယာဉ်အစိတ်အပိုင်းတွေနဲ့ လေသူရဲထိုင်ခုံဓာတ်ပုံ၊ ဗီဒီယိုတွေကို ဧပြီလ ၃ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီအထောက်အထားတွေအရ ပစ်ချခံရတဲ့ လေယာဉ်ဟာ F-15 တိုက်လေယာဉ် အမျိုးအစားဖြစ်တယ်လို့ ယူဆရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်နဲ့ အိမ်ဖြူတော်ဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။























