Border News Agency
တီဟီရန်၊ ဧပြီ ၈။
အမေရိကန်နဲ့အီရန်ကြား နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် အီရန်မြို့တော်တီဟီရန်မှာ လူပေါင်းထောင်နဲ့ချီပြီးလမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။
အဲဒီအောင်ပွဲခံသူတွေဟာ အီရန်နိုင်ငံတော်အလံတွေနဲ့ ခေါင်းဆောင်မိုဂျ်တာဘာခါမေနီရဲ့ပုံတွေကိုကိုင်ဆောင်ကာ တလကျော်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲရပ်ဆိုင်းသွားတဲ့အတွက် ဝမ်းသာအားရဖြစ်နေကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီအပစ်ရပ်စဲရေးဟာ နှစ်ဖက်စလုံးကတိတိကျကျလိုက်နာရမယ့် သဘောတူညီချက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။
အီရန်ဘက်ကလည်း အပစ်ရပ်ထားတဲ့ကာလအတွင်းမှာ ဟော်မုဇ်ရေလက်ကြားကနေ ကုန်သွယ်ရေးသင်္ဘောတွေ ဘေးကင်းကင်းနဲ့ဖြတ်သန်းသွားလာနိုင်ဖို့ ခွင့်ပြုပေးသွားမယ်လို့ ကတိပြုထားပါတယ်။
အဲဒီနှစ်နိုင်ငံကိုယ်စားလှယ်တွေဟာ လာမယ့်ဧပြီ ၁၀ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာတွေ့ဆုံပြီး ရှေ့ဆက်မယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားဖို့ရှိနေပါတယ်။














