Border News Agency
ကျောက်မဲ၊ ဇူလိုင်လ ၁၃။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ဇူလိုင်လ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၆ နာရီကျော်အချိန်ခန့်က ပိန္နဲကုန်းကျေးရွာနဲ့အ.မ.က ၁၃ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြောင့် အသက်ခြောက်ဆယ်အရွယ်အမျိုးသမီးတဦး ထိခိုက်ဒဏ် ရာရရသွားပြီး နေအိမ်နှစ်အိမ်၊ဇလပ်ဝါအချိုခြောက်စက်ရုံ၊ကားသုံးစီးနဲ့ဆိိုင်ကယ်ငါးစီးပျက်စီးသွားခဲ့ပါတယ်။
ကျောက်မဲမှာ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးခဲ့ပြီးငါးဦးဒဏ်ရာရသွားသလိုနေအိမ် လေးအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိလေကြောင်းမှ ကျောက်မဲမြို့ကိုငါးကြိမ်၊နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာကိုတကြိမ်၊မိုးကုတ်မြို့ကိုတကြိမ်၊သီပေါမြို့ကိုတကြိမ်ထိဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထုခုနှစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ်နှစ်ဦးနဲ့ပြည်သူလူထု သုံးဆယ်သုံးဦးထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ငါးဆယ်လေးလုံး၊ စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြ ည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။